October 8, 2024

၈.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွာမပရိယတ္တိစာသင်တိုက်အနီးတွင် ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်အစောပိုင်းက ရပ်ထားသော ကားတစ်စီးကို ဆူဇူကီးယာဥ်ဝင်တိုက်ရာမှ ယာဥ်မောင်း ကားခေါင်းတွင် ညပ်နေပြီး ဒဏ်ရာများရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။

ဘုရင့်​နောင်ဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသော ဆူဇူကီးအဖြူရောင်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ ဘုရင့်နောင်လမ်းမဘေးတွင် ရပ်ထားသော I-ZONE အမျိုးအစား အဖြူရောင်ယာဥ်၏ အနောက်ကို ဝင်ရောက်တိုက်မိရာမှ ဆူဇူကီးယာဥ်မောင်းမှာ ကားခေါင်းအတွင်း ညပ်နေခဲ့ခြင်းဖြစ်သည်။

ကားခေါင်းအတွင်းညပ်နေသည့် အသက် ၃၄ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဥ် ၁ စီး၊ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

ဆူဇူကီးယာဥ်မောင်း အမျိုးသားမှာ ဘယ်ဘက်နှင့် ညာဘက်ခြေထောက်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းပိုင် သူနာတင်ယာဥ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *