October 8, 2024

၈. ၁၀. ၂၀၂၄
Written by Nyein Kyaw

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ပုဂံသွားကားလမ်းပေါ်၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် လက်လုပ်မိုင်းများ သယ်ဆောင်လာသည့် အကြမ်း ဖက်သမားတစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှုမရှိစေရေး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအ နှစ်များ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု မရှိစေရေးနှင့် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ဆောင်ရွက်နေစဉ် ယနေ့ နံနက် ၆ နာရီခန့်တွင် ပုဂံမြို့တွင်းသို့ ညောင်ဦးမြို့ဘက်မှ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လိုအပ်သည်များ စစ်ဆေးနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်တားဆီးခဲ့ရာ ဆိုင်ကယ်တိမ်းမှောက် ရပ်တန့်သွားခဲ့သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဆိုင်ကယ်အား သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ခွကြားတွင် ညှပ်၍သယ်ဆောင်လာသည့် ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံး သိမ်းဆည်းရမိကာ ဆိုင်ကယ်မောင်းနှင်သူ အကြမ်းဖက်သမားသည် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးလျက်သားတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အကြမ်းဖက် လုပ်ရပ်များမကျူးလွန်နိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *