October 8, 2024

၈.၁၀.၂၀၂၄
Written By Zun

AA ကို ထောက်ပံ့မှုပြုလုပ်ကြောင်းသတင်းထွက်နေသည့် တေးသံရှင် ဆုမြတ်ထက်နှင့် တူမဖြစ်သူတို့ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းကအဖမ်းခံခဲ့ရကြောင်း ရန်ကုန်နေ ရခိုင်အသိုင်းအဝိုင်းက သိရသည်။

တေးသံရှင် ဆုမြတ်ထက်သည် ရန်ကုန်တိုင်းဒေသကြီး၊တာမွေမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ရခိုင်ပြည်နယ် မာန်အောင်ဒေသခံဖြစ်ကာ ယင်းနှင့်အတူနေထိုင်သည့် တူမဖြစ်သူကိုလည်း ဖမ်းဆီးသွားကြောင်း ယင်းအသိုင်းအဝိုင်းက သိရသည်။

ယင်းအပြင် ဆုမြတ်ထက် နေအိမ်အတွင်းမှ ဘဏ်စာအုပ်များကို သိမ်းဆည်းစစ်ဆေးနေကြောင်း၊ ယင်းတွင် AA ကို အထောက်အပံ့ပေးရန် ဆက်သွယ်ငွေလွှဲများ တွေ့ရှိကြောင်းလည်း လုံခြုံရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

“သူ့ရဲ့ဘဏ်စာအုပ်ထဲကနေ AA အဆက်အသွယ်ဆီကို ငွေလွှဲထားတဲ့ အထောက်အထားတွေ သိမ်းဆည်းရ ခဲ့တယ်။ သူက ရခိုင်တိုင်းရင်းသူ၊ မြန်မာသီချင်းတွေလည်းဆိုတယ်။ ဆိုတာတော်တော့်ကို ကောင်းပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *