October 8, 2024

◾ ရည်းစားကိုပေးရန် လုယက်ရာတွင် ရွှေနှစ်ကျပ်သားခန့် ရယူနိုင်ခဲ့သော်လည်း နာရီပိုင်းအကြာတွင် ဖမ်းမိ

၈.၁၀.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံတွင် ရွှေဆိုင်ထဲကိုဝင်၍ ရွှေလုယူထွက်ပြေးသည့် မြန်မာနိုင်ငံသားကို နာရီပိုင်းခန့်အချိန်တွင် ထိုင်း လုံခြုံရေးအဖွဲ့က ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြကြသည်။

ယနေ့ အောက်တိုဘာလ ၈ ရက် ထိုင်းစံတော်ချိန် နံနက် ၈ နာရီကျော်အချိန်က ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ မူယန်မြို့နယ်၊ ဘန့်နူယာကျေးရွာ၊ အူထောင်လမ်းတွင် ဖွင့်လှစ်ထားသော ရွှေဆိုင်ထဲသို့မြန်မာနိုင်ငံသားတစ်ဦး ဝင်ရောက်၍ ရွှေ ၂ ကျပ်သား လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းက ရွှေဝယ်မည့်သူအဖြစ် ဟန်ဆောင်ဝင်ရောက်လာကာ လုယူထွက်ပြေးခြင်းဖြစ်သောကြောင့် ရွှေဆိုင်ပိုင် ရှင်က ကန်ချနဘူရီရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန်ချနဘူရီရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားခဲ့သည့် ရွှေဆိုင်သို့ လာရောက်စစ်ဆေးခဲ့ကာ ရွှေလုယူထွက်ပြေး သည့်မြန်မာနိုင်ငံသားအား CCTV လမ်းကြောင်းအတိုင်း ခြေရာခံခဲ့ရာ နာရီပိုင်းခန့်အကြာတွင် ဖမ်းမိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ရွှေဆိုင်တွင်လုယူခဲ့သူမှာ အသက် ၂၅ နှစ်အရွယ် စိုးနိုင် ဆိုသူဖြစ်ပြီး စလဘူရီခရိုင်၊ နောင်ခယ်မြို့နယ်၊ အမှတ် (၅)၊ ဖိုင်တမ်ကျေးရွာတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ အခြားခရိုင်တစ်ခုတွင် နေထိုင်သည့် ၎င်း၏ ရည်းစားကို ပေးလိုသောကြောင့် လုယက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ရှေ့တွင် ထွက်ဆိုခဲ့သည်ဟု ဒေသ တွင်းသတင်းများက ရေးသားကြသည်။

ယခုအခါ အဆိုပါ လုယက်မှု ကျူးလွန်သူ  စိုးနိုင်အား ကန်ချနဘူရီခရိုင်ရဲစခန်းတွင် ထိန်းသိမ်းထားကာ အမှုဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *