October 7, 2024

၇.၁၀. ၂၀၂၄
Written by Shwe Phyo

မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်ျများသည် ကွန်တာအရပ်ဒေသရှိ စားသောက်ဆိုင် သုံးဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ မီနီမတ်နှင့် လက်နှိပ်စင်တာများကို စီးနင်းရှာဖွေခဲ့ပြီးနောက် မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားအစိုးရက ပြောသည်။

ပြည်ပနိုင်ငံသားများသည် လူနေရပ်ကွက်များတွင်သာမက နိုင်ငံအတွင်းဈေးရောင်းချခြင်းများလည်း တရားမဝင်လုပ်ကိုင်လာကြောင်း တိုင်ကြားမှုများရှိလာခဲ့ပြီးနောက် မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက “ဆိုင်တွေကို စီးနင်းခဲ့ပြီးနောက် ဆိုင်အလုပ်သမားများနဲ့ ဈေးဝယ်သူ စုစုပေါင်းအနည်းဆုံး ၇၀ ဦးကို စစ်ဆေးခဲ့တယ်။လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ မြန်မာနိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးခံရသူတွေထဲမှာအမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၁၅ ဦးကို ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးခံရသူအများစုက အသက် ၂၃ နှစ်နဲ့ ၄၅ နှစ်ကြားအရွယ်တွေဖြစ်တယ်။” ဟု သတင်းထုတ်ပြန်ထားသည်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက နိုင်ငံခြားသားများသည် အစားအစာများကို တရားမဝင် ရောင်းချခြင်းများလုပ်ဆောင်နေပြီး အစားအသောက် ပတ်ပတ်လည်တွင် ပိုးဟပ်များ ပြန့်ကျဲနေသဖြင့် တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိကြောင်း တွေ့ရှိခဲ့ရသည်။

ထို့အတွက် မလေးရှားလူဝင်မှု ကြီးကြပ်ရေးအာဏာပိုင်များသည် မြန်မာနိုင်ငံသားများကို ဖမ်ဆီးမှုအပြင် အဆောက်အဦးပိုင်ရှင်များကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

REF , new strait times

Leave a Reply

Your email address will not be published. Required fields are marked *