October 7, 2024

၇.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ဒီရက်သတ္တပတ်အတွင်း လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ကြာရှည်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်စေဖို့ အဓိကကဏ္ဍက ပါဝင်ပေးသွားရမယ်လို့ အောက်တိုဘာလ ၇ ရက်မှာ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ် ပေတုံတန်က ဘန်ကောက်မြို့မှာပြောကြားရာမှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအမြန်ရစေဖို့ အာဆီယံအဖွဲ့အနေနဲ့ အရေးကြီးတဲ့ကဏ္ဍက ပါဝင်ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒါ့ပြင် ပေတုံတန်က ထိုင်းနိုင်ငံအနေနဲ့ နောက်နှစ်မှာအာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့အတူလက်တွဲကာ မြန်မာနိုင်ငံပဋိပက္ခကို သံတမန်နည်းလမ်းတွေအသုံးပြုဖြေရှင်းဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပြုလုပ်နိုင်ရေး ကြားဝင်ဖျန်ဖြေသူအဖြစ်ဆောင်ရွက်ဖို့ကမ်းလှမ်းသွားမယ်လို့ ဆိုခဲ့ပါတယ်။

အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအစား မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အများသဘောတူ ဆန္ဒငါးချက်လို့သိကြတဲ့ အားထုတ် ကြိုးပမ်းမှုတစ်ရပ် ဆောင်ရွက်ခဲ့ပေမယ့်လည်း တိုးတက်မှုမဖြစ်စလောက်သာရှိခဲ့ပါတယ်။ နောက်ဆုံး မြန်မာအစိုးရကလည်းဆွေးနွေးပွဲတွေကို ငြင်းပယ်ပြီး လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခဲ့ကာ နိုင်ငံကို ဖျက်စီးနေသူများအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပြည်တွင်းပဋိပက္ခကြောင့် မြန်မာနိုင်ငံလူဦးရေ ၅၅ သန်းခန့်ရဲ့ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာမှု အထောက်အပံ့လိုအပ်နေပြီး ဒီကိစ္စကို လာအိုမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးကြမှာပါ။

အာဆီယံနိုင်ငံတွေအကြား မြန်မာအစိုးရခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေမှာ မတက်ရောက်ဖို့ ပိတ်ပင်ထားခဲ့တာကလည်း အခုအခါ အာဆီယံနိုင်ငံတွေအကြား စဉ်းစားရခက်တဲ့ပြဿနာတစ်ရပ်ဖြစ်နေရပါတယ်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *