October 7, 2024

၇.၁၀.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စားသောက်ကုန်များဝယ်၍ ပြန်လာသော ကားတစ်စီးကို ARSA မွတ် ဆလင် လက်နက်ကိုင်များပစ်ခတ်၍ အမျိုးသမီး (၁) ဦးသေဆုံးကာ (၄) ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း AA အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညနေ (၄) နာရီ (၁၅) မိနစ်ခန့်အချိန်တွင် မောင်တောမြို့၊ တောင်ပြိုမှ အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော ကားမောင်းသူနှင့် အခြား လူ (၆) ဦးပါ ကားတစ်စီးကို လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာမှ အသက် (၃၈) နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးမှာ လက်ဝဲဖက်နားထင် ကျည်ထိမှန်ဒဏ်ရာရကာ သေဆုံးခဲ့ရပြီး အခြား (၄) ဦးမှာလည်း လက်နက်ငယ်ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် ဝမ်းဗိုက်တွင် ပြင်းထန်ဒဏ်ရာ ရရှိသူ (၁) ဦး နှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ (၁) ဦး ရှိကြောင်း၊ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရကြောင်းနှင့် ယင်းတို့ကို AA က ကုသပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရကအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသည့် ရခိုင်လက်နက်ကိုင်(AA) တပ်ဖွဲ့နှင့် ရခိုင် ရိုဟင်ဂျာကယ်ဆင်ရေးတပ်မတော်(ARSA) အာဆာတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲနေကြောင်း The Eastern Link က ၂၀၂၀ ပြည့်နှစ်တွင် ဖော်ပြခဲ့ဖူးသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ AA ၏ ထုတ်ပြန်ချက်တွင်အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်သွားခဲ့သော ARSA မူဆလင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *