October 7, 2024

၇.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးရွှေဘင်လမ်း၊ ဖိနပ်စက်ရုံရှေ့တွင် အောက်တိုဘာလ ၆ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က ရပ်ထားသော YBS-၁၃၂ ခရီးသည်တင်ယာဥ် တစ်စီး မီးလောင်မှုမှာ ယာဥ်ပေါ်တွင် တပ်ဆင်ထားသော CCTVကို မပိတ်ဘဲ အမြဲတမ်းဖွင့်ထားရာမှ သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

အနောက်ပိုင်းတက္ကသိုလ်မှ ဗိုလ်တထောင်သို့ ပြေးဆွဲသော YBS-၁၃၂ ခရီးသည်တင်ယာဥ် မီးလောင်မှုမှာ ၁၀ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး မီးလောင်မှုကြောင့် ယာဥ်အတွင်းရှိ ကူရှင်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားကို လှိုင်သာယာအနောက်ပိုင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *