October 7, 2024

၇.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရဲ့ ခရိုင် ၅၀ အနက် တစ်ခုဖြစ်တဲ့ ဒူးဆစ်ခရိုင်အတွင်း နာခွန်ချိုင်ဆီလမ်းပေါ်က ကီဆာကိုမွန်လမ်းဆုံမှာ လမ်းကျွံကျမှုကြောင့် ဖြစ်လာရတဲ့ ကြီးမားတဲ့တွင်းနက်ကြီးတစ်ခုကို တွေ့ခဲ့ရတာကြောင့် အာဏာပိုင်တွေက အောက်တိုဘာလ ၆ ရက်၊ တနင်္ဂနွေနေ့ ညကစပြီး အရေးပေါ် လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတွင်းနက်ကြီးက ၁၀ မီတာ(ပေ ၃၀)ခန့် ကျယ်ပြီး ငါးမီတာ(၁၅ ပေ)ခန့်ရှည်ကာ အနက်အားဖြင့် သုံးမီတာ (ကိုးပေ)ခန့်ရှိတယ်လို့ သိရပါတယ်။ မျက်မြင်တွေ့ရသူတွေက သူတို့ အောက်တိုဘာလ ၆ ရက် ည ခုနှစ်နာရီလောက်မှာ လမ်းပေါ်မှာ အက်ကွဲကြောင်းတွေဖြစ်လာတာ သတိပြုမိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုးနာရီလောက်မှာတော့ လမ်းက ရုတ်တရက် ကျွံကျပျက်စီးကာ တွင်းနက်ကြီးစတင် ဖြစ်ခဲ့ရခြင်းလို့ ဆိုပါတယ်။

ဘန်ကောက်မြို့စည်ပင်သာယာအဖွဲ့ ရေဆိုးမြောင်းစနစ်နဲ့ မိလ္လာသိမ်းစနစ်စနစ်ဌာနရဲ့ တူးမြောင်းစနစ် ဌာနခွဲ ညွှန်ကြားရေးမှူး နီဖွန် ဆရီရူအန်က လမ်းပြိုကျတဲ့နေရာဟာ နှစ်ကီလိုမီတာရှည် Prem Prachakorn တူးမြောင်းရဲ့တမံစီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တူးမြောင်းကြမ်းပြင်တည်ဆောက်ရေးနဲ့ ကွန်ကရစ်လောင်းလုပ်ငန်းတွေဆောင်ရွက်နေမှုတွေအနား တူးမြောင်းဖြတ်တံတားရဲ့ ချဉ်းကပ်တံတားမှာရှိတယ်လို့ ဆိုပါတယ်။

ခုလို ချဉ်းကပ်တံတားနေရာမှာ လမ်းပြိုပြီး ကျွံကျခဲ့တာက တံတားအောက်တည့်တည့်မှာ ကျိုးပေါက်ပွင့်ထွက်နေတဲ့ ရေပိုက်တစ်ခုကြောင့်လို့ ယုံကြည်ရတယ်လို့လည်း နီဖွန်ဆရီရူအန်က ပြောခဲ့ပါတယ်။ ဒီလိုတံတားအောက်ခြေမှ ရေပိုက်ပွင့်ထွက်နေမှုက ထိုနေရာရှိ မြေကြီးများကို တူးမြောင်းထဲ တိုက်စားမျောပါသွားစေခဲ့ကာ ကြာလာတဲ့အခါ ခုလိုမြေသားတွေ ကျွံဝင်နိမ့်ကျလာတာပဲလို့ သိရပါတယ်။

Ref-Khaosod

Leave a Reply

Your email address will not be published. Required fields are marked *