October 7, 2024

၇.၁၀.၂၀၂၄
Written By Thandar

Miracle Myanmar Model Agency က ကျင်းပတဲ့ Mister & Miss Miracle Myanmar 2025 City Winner ရွေးချယ်ပွဲကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်မက ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ဆန္ဒကို တတိယနှစ်ကျောင်းကို တောင်ကြီးမှာတက်ရင်း လာရောက်ပါဝင်ယှဉ်ပြိုင်ဖြစ်တာပါ။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်ရလို့လည်း ပီတိဖြစ်ရပါတယ်။ ရှေ့ဆက်ပြီးလည်း အကောင်းဆုံးကြိုးစားပါမယ်။ ဘေးက ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့သူတွေကြောင့် ခုလိုပြိုင်ပွဲမှာ City Winner ဖြစ်ခွင့်ရလို့လည်းပျော်ပါတယ် ”လို့ Yangon West City Winner အလှမယ် Margret က MT Entertainment ကို ပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာတော့ အသက်အရွယ်လိုက် Mini Miss , Miss နဲ့ Mrs ဆိုပြီး အမျိုးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ Title ဆုတွေကို ပိုးအိမ်မှူး၊ Michaela VenizD၊ Margret၊ ယဉ်ယဉ်ငြိမ်း၊ Trio၊ ပန်းအိဖြူ၊ နှင်းရဝေလွင်၊ ချစ်ပန်းမဥ္ဇူ၊ ခင်မာဇင်၊ အေးမွန်သက်၊ ကောင်းစံလင်း၊ ကျော်ကျော် စတဲ့သူတွေက ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ပါတယ်။

ဒီပြိုင်ပွဲဝင်တွေထဲက Best Body Award ၊ Best Evening Grown Award ၊ Main Winner၊ Best Personality Award၊ Best Catwalk Award၊ Best Opening & Introduction၊ City Winner ဆုတွေအနေနဲ့ Bagan City Winner ,Thanlyin City Winner, Pyay City Winner, Taunggyi City Winner, Taungoo City Winner, Yangon West City Winner ဆုတွေကို ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။ ရွေးချယ်ခဲ့ရသူ အလှမယ်တွေကလည်း လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် Mister & Miss Miracle Myanmar 2025 ပြိုင်ပွဲကြီးကို ဆက်လက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

Mister #MiracleMyanmarModelAgency

MissMiracleMyanmar2025

Leave a Reply

Your email address will not be published. Required fields are marked *