October 7, 2024

MT News
၇. ၁၀. ၂၀၂၄

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော နေပြည်တော်နယ်မြေရှိ ကန်ရေပြည့်အမှတ်ကျော်လွန်နေသည့် ပေါင်းလောင်းတမံအပါအဝင် ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိကြောင်း အသိပေးထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံစုစုပေါင်း (၁၂) ခုရှိရာ ယမန်နေ့၌ ပေါင်းလောင်းရေလှောင်တမံတွင် (၂ ဒသမ ၆၅) ပေ ကန်ရေပြည့်အမှတ်အထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှုအခြေအနေမှာ (၀ ဒသမ ၃၀) ပေ လျော့နည်းသည်။

ပေါင်းလောင်းတမံအပါအဝင် မဒန်း၊ ချောင်းမငယ်၊ ဖောင်းလောင်၊ ရေဆင်း၊ ငလိုက်၊ သဲဖြူ၊ ဆင်သေ၊ ကင်းသာ၊ မုန်၊ မြို့လှ၊ တောက်ပြို စသည့် ရေထိန်းတမံများနှင့် ရေလှောင်တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး တာဝန်ကျဝန်ထမ်းများအား (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ်စစ်ဆေးလျက်ရှိကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်း ထုတ်ပြန်ထားမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *