October 6, 2024

၆.၁၀.၂၀၂၄
Written By Zun

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ထမ်ဆမ်းဂူဒေသ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ် ခဲ့၍ ကျပ်သိန်း သောင်းဂဏန်းကျော် ဆုံးရှုံးမှုရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်က ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုကြောင့် ဂူအတွင်းရေအပြည့်ဝင်ကာ စက်တင် ဘာ ၂၃ ရက်မှ ရေပြန်ကျဆင်းခဲ့ကြောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် သန့်ရှင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ရေကြီးမှုကြောင့် ရေတိုက်စားမှုဖြစ်ပွားသည့်အတွက် ဆုံးရှုံးမှုများ အနည်းဆုံး သိန်းပေါင်း သောင်းဂဏန်းကျော် ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ထမ်ဆမ်းဂူ၏ ဂူအပေါက်ဝတွင် အလှဆင်ထားသည်များ၊ ဈေးဆိုင်တန်းများ၊ ဂူအတွင်းရှိသော တံတားငယ်များ၊ လျှောက်လမ်းများ၊ ဟိုပုံးကိုရင်လေးဆရာတော်၏ လက်ဖွဲ့များ၊ ပုံတော်များ၊ ဓာတ်တိုင်များ၊ လျှပ်စစ်မီးပစ္စည်းများ စသည်တို့ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘက်စုံပြုပြင်မှုများပြုလုပ်ရန်အတွက် ယနေ့ အောက်တိုဘာလ ၆ ရက်က တပ်မတော်နည်းပညာနှင့် သိပ္ပံကျောင်း(ဟိုပုံး)မှ ကျပ်ငွေ (၁၅)သိန်း၊ ပင်းပက်သံမဏိစက်ရုံမှ ကျပ်ငွေ (၁၀)သိန်း ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် PNO/PNA မှ ကျပ်သိန်း (၅၀)၊ KBZ Ground မိသားစုမှ ကျပ်သိန်း (၁၀၀)၊ မြင်းမိုရ်တိုင်း ရန်ကင်း စစ်ဒေသမှူးမှ ကျပ်ငွေ (၁၀)သိန်း တို့ကို လှူဒါန်းခဲ့ကြကြောင်းလည်း သိရသည်။

“ဂူထဲမှာ ရေတိုက်စားတာတွေရှိတယ်။ နုန်းတွေတင်နေတာကို ရှင်းနေရသေးတယ်။ လမ်းတောင်ဘက်မှာ ထမင်း စားနားနေတဲ့အဆောက်အအုံနေရာတွေလည်း ပျက်စီးသွားတာပေါ့။ အခုကတော့ သန့်ရှင်းရေးလုပ်တာ အား လုံးမပြီးပြန်သေးဘူး”ဟု ဟိုပုံးမြို့ခံတစ်ဦးက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *