October 6, 2024

၆ .၁၀ .၂၀၂၄
Written by MMAK

စနေညက ၈ ပွဲရွေးချယ်ပေးရာမှာ ၅ ပွဲနိုင်ခဲ့ပြီး အနိုင်ရလဒ်များခဲ့သလို တနင်္ဂနွေညရဲ့ ပွဲကောင်းတွေကိုလည်း ထပ်မံခန့်မှန်းပေးလိုက်ပါတယ်။

◾အက်စတွန်ဗီလာ Vs မန်ယူ

နောက်ဆုံးခုနစ်ပွဲဆက် ရှုံးပွဲမရှိခဲ့သလို အိမ်ကွင်းသုံးပွဲဆက်နိုင်ထားတဲ့ ဗီလာအသင်းရဲ့ ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးက အရမ်းပျော့နေပြီး မရဲတရဲပေးထားသလို ဖြစ်နေပါတယ်။ မန်ယူအသင်းက နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ထားသလို အရမ်းကောင်းနေတာ မဟုတ်ပေမဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားနေသလို ယူရိုပါလိဂ်ပွဲ ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ရုန်းကုန်ကစားခဲ့တာကို တွေ့ခဲ့ရပါတယ်။ မန်ယူအသင်းက သမ္ဘာရှိတဲ့အသင်းဖြစ်တဲ့အပြင် ခြေစွမ်းဘယ်လောက် ဆိုးနေပါစေ ဗီလာထက်ပိုကောင်းတဲ့ အသင်းကြီးတွေတောင် ပြန်အကြိတ်ခံရတာမျိုး ရှိပါတယ်။ ဗီလာအသင်း ဘယ်လောက်ကောင်းနေပါစေ ဘော်ဒီကြေး ပျော့နေတာရယ် ရုန်းကန်ကစားလာမဲ့ မန်ယူအသင်းကြောင့် ဗီလာအသင်းမနိုင်လောက်ဘူးလို့ ထင်ပါတယ်။ အရမ်းအောင်လွန်းနေတဲ့ ဗီလာအသင်းလည်း ကြေးကျချိန် တန်နေပြီ ဖြစ်တာကြောင့် အနိမ့်ဆုံး သရေလောက် ကစားနိုင်တဲ့ အောက်ကြေး မန်ယူအသင်းကို ကြိုက်ပါတယ်။ ဒီပွဲမှာသာ ရှုံးခဲ့ရင် နည်းပြတန်ဟတ်အထုတ်ခံရဖို့ နီးသထက်နီးလာနိုင်တာကြောင့် ဒီပွဲကို မန်ယူအသင်း အနိမ့်ဆုံး သရေရမယ် ထင်ပါတယ်။

◾ချဲလ်ဆီး Vs နောင်တင်ဟန်ဖောရက်

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်က ဂိုးသွင်းအားကောင်းနေသလို ပုံစံကောင်းတစ်ခုမှာ ရှိနေတဲ့ အနေအထားကို တဖြည်းဖြည်း ရောက်လာပါတယ်။ ဖောရက်အသင်းကတော့ ခံစစ်အရမ်းကောင်းတဲ့ အသင်းဖြစ်ပြီး တန်ပြန်တိုက်စစ်ကလည်း လျှင်မြန်သွက်လက်မှု အပြည့်ရှိပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ နောက်ဆုံးသုံးပွဲဆက် တစ်ပွဲကို လေးဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်က အရမ်းကောင်းနေတာမှန်ပေမဲ့ ချဲလ်ဆီးအသင်း ဂိုးပေါ်ကစားလွန်းတာ များနေပြီလို့ ထင်ပါတယ်။ ဖောရက်အသင်းကလည်း ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကို သတိထား ကစားလာနိုင်တာကြောင့် ဒီပွဲမှာတော့ ဂိုးတွေအများကြီး မြင်ရတော့မယ် မထင်ပါဘူး။ ချဲလ်ဆီးအသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးကလည်း ဂိုးပေါ်နိုင်တဲ့ ပေါက်ကြေးမျိုးမဟုတ်တာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။

◾ဘရိုက်တန် Vs စပါး

ဘရိုက်တန်အသင်းက ကစားပုံကောင်းတာ တိုက်စစ်ကောင်းတာ မှန်ပေမဲ့ အသင်းကြီးတွေကို တိုက်စစ်ယှဥ်ကစားတာကိုတော့ မကြိုက်ပါဘူး။ စပါးအသင်းကလည်း တိုက်စစ်အသားပေးပြီး ကစားတတ်တာကြောင့် ဒီပွဲက နှစ်သင်းလုံးတိုက်စစ်ဖွင့်ကစားလာနိုင်ပြီး ဂိုးသွင်းသေချာတဲ့ အသင်းက အနိုင်ရမယ်ဆိုတဲ့ ပုံစံမျိုး မြင်တွေ့ရနိုင်ပါတယ်။ ဒီပွဲမှာ စပါးအသင်းက ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ အိမ်ရှင်ဘရိုက်တန်အသင်းကို စပါးအသင်းက ကြေးကြောပြန်ပေးလာတာ တွေ့ရပေမဲ့ စပါးအသင်းကို ခေါ်နေတဲ့ ကြေးများလားလို့ သံသယဝင်စရာ ရှိပါတယ်။ သို့ပေမဲ့ တိုက်စစ်ချင်း ယှဥ်ကစားလာခဲ့ရင် စပါးအသင်းရဲ့တိုက်စစ်က ဂိုးပိုရလိမ့်မယ် ထင်သလို ဘရိုက်တန်ကို ကြေးကြောပြန်ပေးလာတဲ့ စပါးအသင်း မရှုံးနိုင်ဘူး ထင်တာကြောင့် စပါးအသင်း ဘော်ဒီကိုဘဲ ကြိုက်ပါတယ်။ စပါးအသင်း အနိမ့်ဆုံး သရေကစားနိုင်မယ်ထင်တာကြောင့် ပြားသုံးဆယ်ရင်းပြီး စပါးဘက်က နေထိုင်သင့်ပါတယ်။

◾ဟိုက်ဒမ်ဟိမ်း Vs လိုက်ဇစ်

လိုက်ဇစ်အသင်းက ကြားရက်မှာ ချန်ပီယံလိဂ်ပွဲကို အသည်းအသန်ကစားခဲ့ရသလို လိုက်ဇစ်အသင်းရဲ့ အဝေးကွင်းကစားပုံကို အားမရသေးပါဘူး။ ဟိုက်ဒမ်ဟိမ်းအသင်းက အိမ်ကွင်းကောင်းတဲ့ အသင်းဖြစ်သလို အိမ်ကွင်းတိုက်စစ်က ဂိုးသွင်းအား အပြည့်ရှိပါတယ်။ ဒီပွဲမှာ လိုက်ဇစ်အသင်းက တစ်လုံး လေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖရိုင်းဘတ်အသင်းကို သုံးဂိုးပြတ် ရှုံးခဲ့တဲ့ ဟိုက်ဒမ်ဟိမ်းအသင်း အခုအိမ်ကွင်းပွဲမှာ ထပ်အမှားခံမယ် မထင်ဘဲ အာရုံစိုက်ကစားလာမယ် ထင်ပါတယ်။ ဟိုက်ဒမ်ဟိမ်းအသင်းသာ ဂိုးရခဲ့ရင် လိုက်ဇစ်အသင်းအနေနဲ့ ကြေးအောင်ဖို့ ခက်ခဲသွားမယ်လို့ ထင်ပါတယ်။ အိမ်ရှင်ဟိုက်ဒမ်ဟိမ်းအသင်း ဂိုးရမယ်ထင်သလို လိုက်ဇစ်အသင်းရဲ့ တစ်လုံးလေးဆယ်စား ပေါက်ကြေးက နိုင်ခဲ့ရင်တောင် တစ်ဂိုးလောက်ပဲလို့ ယူဆတာကြောင့် ပြားလေးဆယ်ရင်းပြီး အိမ်ရှင်ဟိုက်ဒမ်ဟိမ်းအသင်းကို ရွေးချယ်သင့်ပါတယ်။

◾မွန်ဇာ Vs ရိုးမား

မွန်ဇာအသင်းက ခြောက်ပွဲကစားထားရာမှာ သရေသုံးမှတ်သာ ရထားပြီး ဇယားအောက်ဆုံးကို ရောက်နေပါတယ်။ ကစားပုံက သာမာန်ခြေစွမ်းအဆင့်မှာပဲ ရှိပြီး ဘောလုံးကိုင်ကစားတတ်ပေမဲ့ ဂိုးမသွင်းတတ်သလို ခံစစ်က ဂိုးပေးရလွယ်ပါတယ်။ ရိုးမားအသင်းက ကြားရက်ယူရိုပါလိဂ်ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် အခုမွန်ဇာနဲ့ အဝေးကွင်းပွဲကို ထပ်အမှားခံမယ် မထင်ပါဘူး။ အဆင့်တစ်ဆယ်ကို ရောက်နေတဲ့ ရိုးမားအသင်းအနေနဲ့ ဥရောပဝင်ခွင့်တွေရဖို့ဆိုရင် ခြေကျနေတဲ့ အောက်ဆုံးက အသင်းမျိုးကိုတော့ နိုင်အောင်ကန်ဖို့ လိုပါတယ်။ ဒီပွဲမှာ ရိုးမားအသင်းက ပြားခုနှစ်ဆယ်အရှုံးပေးထားပြံး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော ပျော့နေတာကြောင့် ရိုးမားအသင်း ရွေးချယ်မဲ့ ထိုးသားတွေ လက်တွန့်နေနိုင်ပါတယ်။ နောက်ပွဲတွေမှာ ပွဲကြပ်တွေ ကစားရဖို့ရှိနေတဲ့ ရိုးမားအသင်း နိုင်သွားမယ် ထင်တာကြောင့် ရိုးမားအသင်းကို ကြိုက်ပါတယ်။

◾အလာဗက် Vs ဘာစီလိုနာ

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့အပတ်မှာ အိုဆာဆူနာအသင်းကို ဂိုးပြတ်ရှုံးခဲ့လို့ အခုပွဲ ပြန်ရုန်းကစားလာနိုင်တဲ့ အခြေအနေမျိုးမှာ ဘာစီလိုနာအသင်းရဲ့ ဘော်ဒီကြေးက တစ်လုံးသွင်းရင် ပြားသုံးဆယ်လောက် အနိုင်ရနေသလို ဂိုးပေါင်းကြေးက သုံးလုံးသရေ ဖြစ်ပါတယ်။ လူတိုင်းကြိုက်နေတဲ့ ဘာစီလိုနာအသင်းရဲ့ ဘော်ဒီကြေးက အရမ်းပျော့နေတယ် ထင်သလို ဂိုးပေါင်းကြေးကလည်း သုံးဂိုးလောက်ကတော့ ရောက်ပါတယ်လို့ ထင်ချင်စရာ ဖြစ်နေပါတယ်။ အိမ်ရှင်အလာဗက်အသင်းကအရမ်းကောင်းနေတဲ့ ခြေစွမ်းမျိုး မတွေ့ထားရသလို အဝေးကွင်းပွဲတွေမှာ  ဗီလာရီးရဲအသင်းကို ငါးဂိုး ၊ ဂျီရိုနာအသင်းကို လေးဂိုးသွင်းခဲ့တဲ့ ဘာစီလိုနာရဲ့ တိုက်စစ်က တစ်လုံးသွင်းတာနဲ့ ပြားစားနေရပြီဆိုတဲ့ ပေါက်ကြေးက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒီကြေးက ဘာစီလိုနာအသင်း စုံအောင်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်တဲ့အပြင် ထိုးသားတွေ တစ်ခြမ်းစောင်းနေတဲ့ ဘာစီလိုနာအသင်းကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ထားပြီး အိမ်ရှင်အလာဗက်နဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *