October 6, 2024

၆. ၁၀. ၂၀၂၄
Written by Nay Moe

ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးကို သတင်းပေးဟု စွပ်စွဲပြီး နတ်တလင်း PDF က ယနေ့နံနက်ပိုင်းအချိန် ကြိုးတုပ်ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်လိုက်သည်ဟု သတ်ဖြတ်သည့် နတ်တလင်း PDF အဖွဲ့က ဝန်ခံချက်ထုတ်ပြန်လာသည်။

ဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၊ အောင်ရတနာရပ်ကွက်၊ ညောင်လှရွာနေ ဆိုင်ကယ်ကယ်ရီမောင်းသည့် ဦးမြင့်ကြည် ဆိုသူသူကို “ဆိုင်ကယ် ကယ်ရီ လိုက်ဟန်ဆောင်ပြီး စကစ သတင်းပေး ထောက်တိုင် အဖြစ် ဆောင်ရွက်နေသည်” ဟု စွပ်စွဲကာ ​နတ်တလင်း PDF အဖွဲ့ဖြစ်သည့် သာယာဝတီခရိုင် တပ်ရင်း – ၃၈၀၁ , တပ်ခွဲ-၂ (Phoenix DF) က သွားရောက်၍ ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်ကာ ပြန်လည်ခုခံသည်အကြောင်းပြပြီး လက်ပြန်ကြိုးတုပ်ထားသူကို လည်လှီးသတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသည့် ဦးမြင့်ကြည် ဆိုသူသည် အချိန်အခါမရှိ သွားလာလှုပ်ရှားခွင့် ရထားသူဖြစ်ကြောင်း၊ တောင်သူများ သီးနှံစိုက်ပျိုးလုပ်ကိုင်စားသောက်နေသည်ကို PDF နှင့် ပူးပေါင်းပြီးလုပ်ဆောင်နေသည်ဟု စွပ်စွဲ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ကြောင်း၊ သတင်းပေးခြင်းများလည်း လုပ်ဆောင်နေသည့်အတွက်ကြောင့် သတ်ဖြတ်ကြောင်း နတ်တလင်း PDF အဖွဲ့က သတ်ဖြတ်မှုအပေါ် ဆင်ခြေပေးသော်လည်း ထိုစွပ်စွဲချက်များ မှန် မမှန် MT News က အတည်မပြုနိုင်ချေ။

Leave a Reply

Your email address will not be published. Required fields are marked *