October 6, 2024

၆. ၁၀.၂၀၂၄
Written by Thettant

ယုဇနတွင် နေအိမ်နောက်ဖေးမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ယနေ့ အောက်တိုဘာ ၆ ရက်သို့အကူး ယမန်နေ့ညသန်းခေါင်ကျော်အချိန်က ဖြစ်ပွားခဲ့သည်ဟု ကနဦးသိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၆ ရက် နံနက် ၁ နာရီခွဲအချိန်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄) ရပ်ကွက်၊ A (၅) လမ်း၊ တိုက် ၁၈၊ အခန်း (၃၀၂) နေ ကိုနော်ဆန် (၂၇ နှစ်)(ဘ)ဦးလဆမ်၊ မပတ/မရှိ၊ ကချင်/ခရစ်ယာန်သည် နေအိမ်တိုက်ခန်းနောက်ဖေးမှ ပြုတ်ကျ၍ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းအရာရှိဦးဆောင်သောအဖွဲ့မှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ်၊ သေမှုသေခင်းအရဥပဒေနှင့်အညီဆောင်ရွက်ရန် သေဆုံးသူအားသဃ်န်းကျွန်းစံပြဆေးရုံကြီးသို့ ရွှေသန်လျင်နာရေးကူညီမှုအသင်းဖြင့်ပို့ဆောင်ခဲ့ကြောင်း သိရပြီး လက်ရှိအချိန်တွင် ဖြစ်စဥ်ကို စိစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *