October 5, 2024

၅.၁၀.၂၀၂၄
Written By Thandar

ဝါကျွတ်ကာလ‌ မင်္ဂလာပွဲကျင်းပမယ့်သူတွေအတွက် ထူးခြားခမ်းနားတဲ့ Belove Eloved The Eravati Wedding Fair 2024 ကို ယနေ့ အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်ရှိ The Eravati Hotel (Formely Rose wood Hotel) မှာ နာမည်ကြီးအနုပညာရှင်တွေအတူ ကျင်းပခဲ့ပါတယ်။

“ဒီ‌နေ့ပွဲ‌လေးကတော့The Eravati Hotel နာမည်နဲ့ပြန်လည်ဖွင့်လှစ်တဲ့အနေနဲ့ ဒီဇိုင်နာ ကို WonYone ရဲ့ ဝတ်စုံဖက်ရှင်တွေနဲ့ ဒီနှစ် ဝါကျွတ်ကာလ သီတင်းကျွတ်မှာ လက်ထပ်ကြမယ့်သူတွေ နောက်ပွဲတက်ကြမယ့်သူတွေ ‌အလှူအမတွေအတွက်ပေါ့နော်။ သူတီထွင်ဆန်းသစ်ထားတဲ့ ဖက်ရှင်ရှိုးလေးကို အေးမြတ်သူက လာပြီးအားပေးပွဲတက်လာတာပါရှင့်။ ခုဝတ်ဆင်ထားတာက ဒီဇိုင်နာ ကို WonYone ဆင်မြန်းပေးထားတဲ့ ဖက်ရှင်ပါ။ ဟိုးရှေးခေတ်က မြန်မာအငွေ့အသက်လည်းပါတယ်။ ခေတ်ကာလနဲ့လိုက်ရောညီထွေ ပြောင်းလဲ ဖန်တီးထားတာပါ။ ဝတ်ဆင်ရတာလည်း သက်သောင့်သက်သာရှိပါတယ်”လို့ အကယ်ဒ မီအေးမြတ်သူက ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် The Sai ၊ အကယ်ဒမီအေးမြတ်သူ၊ အလှမယ်မြင့်မြတ်မိုး၊ ဆက်ယွန်းတွယ်တာ၊ ပိုပို၊ အဆိုတော် တက္ကသိုလ်လဲ့လဲ့၊ မီးနို၊ ကေကေမိုး စတဲ့သူတွေတက်ရောက်ခဲ့ပြီး တေးသီချင်းတွေနဲ့လည်း သီဆိုဖျော်ခဲ့ကြပါတယ်။ မင်္ဂလာမောင်နှံတွေ သိသင့်သိထိုက်တဲ့ အချက်အလက်အကြောင်းအရာတွေကိုလည်း Talk Show အနေနဲ့ ဆွေးနွေးပြောကြားခဲ့ပါတယ်။

“ဒီဟိုတယ်ရဲ့ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ မင်္ဂလာမောင်နှံတွေအတွက် ဘယ်မှာမှ မရနိုင်တဲ့ အထူးလျော့ဈေး ၄၅ ရာခိုင်နှုန်းထိ ဟိုတယ်ဘက်ကလည်း လျှော့ပေးထားတယ်။ မင်္ဂလာမောင်နှံတွေအတွက် အရမ်းအံ့အားသင့်စရာကောင်းတဲ့ ဈေးနှုန်းတွေ ဘယ်မှာမှ မရှိဖူးသေးတဲ့ လျှော့ဈေးတွေနဲ့ ခမ်းနားမှုတွေကို မြင်တွေ့ရမှာဖြစ်လို့ လာရောက်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်”လို့ KS Collection Wedding Planner ရဲ့ Founder ဒေါ်ဝင်းမြင့်မိုး@အန်တီငယ်က MT Entertainment ကို ပြောပါတယ်။

ယနေ့နဲ့ အောက်တိုဘာ ၆ ရက်အထိ နံနက် ၁၀ နာရီကနေ ညနေ ၈ နာရီအထိ The Eravati Hotel နဲ့ အတူ KS Collection Wedding Planner တို့ ပူးပေါင်းကျင်းပမယ့် Belove The Eloved The Eravati ပွဲအခမ်းအနားမှာ ထာဝရဝိန်စိန့်ရဲ့ လှပတဲ့ Jewellery တွေနဲ့ နာမည်ကြီး ဒီဇိုင်နာ‌တွေဖြစ်တဲ့ Designer Sha Tra ၊ Designer WonYone တို့က မင်္ဂလာဆောင်နှင်းမယ့်သတို့သမီးတွေအတွက်
Designer Show Round တွေအပြင် Wedding Industry များစွာထဲက သတို့သမီးတိုင်းစိတ်တိုင်းကျ ကျေနပ်တဲ့ နာမည်ကြီး Provider Planner တွေ၊ ခမ်းနားလှတဲ့ ပွဲများစွာကို ဖန်းတီးပေးနိုင်တဲ့ Floral Decorations လှပ Wedding Dress တစ်သက်စာအမှတ်တရများစွာ တိကျလှပစွာ ဖန်တီးပေးနိုင်တဲ့ Photo & Video studio တွေ ၊ Professional Makeup Artist တော်ဝင်သူမေဦးမောင်ရဲ့ Make Up ဖန်တီးမှုလက်ရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *