October 5, 2024

၅.၁၀.၂၀၂၄
Written By ZUn

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမပေါ် တွင် ခရီးသည်တင်ယာဉ် Express တစ်စီး မတော်တဆ ဖြစ်၍ လူ ၄ ဦး ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၅ ရက် မွန်းလွဲပိုင်းက ခြောက်တင်းကွင်းရွာထိပ်တွင် ခရီးသည်တင်ယာဉ် Express တစ်စီး မတော်တဆဖြစ်ပွားကြောင်း ဖုန်းဆက်သတင်းပေးမှုကြောင့် ဓမ္မဝိဇယအသင်းက ကယ်ဆယ်ရေးယာဉ် ၃ စီးနှင့် အခင်းဖြစ်ရာနေရာသို့ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

“ပြည်ကနေ ရန်ကုန်ကိုလာတဲ့ ခရီးသည်တင်ကားဖြစ်တာ။ ခရီးသည်ကတော့ ၂၅ ယောက်လောက်ပါတယ်။ ဒဏ်ရာတွေကတော့ မများဘူး။ ယာဉ်မောင်းကလည်း ကားကိုဖြေးဖြေးပဲ မောင်းလာတာလို့ သိရတယ်။ ဒဏ်ရာရတာကတော့ အမျိုးသား ၁ ယောက်၊အမျိုးသမီး ၂ ယောက်ပါ”ဟု ဓမ္မဝိဇယအသင်းတာဝန်ရှိသူ ကိုဖိုးဇေယျာက MT News ကို ပြောသည်။

ယင်းကြောင့် ဒဏ်ရာရသူများအား ဓမ္မဝိဇယ အသင်းယာဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *