October 5, 2024

၅ .၁၀ .၂၀၂၄
Written by MMAK

◾ခရစ္စတယ်ပဲလေ့စ် Vs လီဗာပူးလ်

နိုင်ပွဲလုံးဝမရသေးသလို သုံးပွဲသရေ သုံးပွဲရှုံးထားပြီး ရမှတ်သုံးမှတ်နဲ့ တန်းဆင်းဇုန်ထိရောက်နေတဲ့ ပဲလေ့စ်အသင်းကို လီဗာပူးအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးတစ်ဆယ်ရှုံးဆိုတဲ့ ပေါက်ကြေးက နည်းနည်းပျော့နေပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်နေပါတယ်။ ကြားရက်မှာ ချန်ပီယံလိဂ်ကစားခဲ့ရတာကြောင့် ကစားသမားတွေ ပွဲပန်းနေကြသလို အဝေးကွင်း ဖြစ်နေတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ လီဗာပူးက အဝေးကွင်းဆိုရင် ထိန်းကစားတတ်သလို ပဲလေ့စ်အသင်းကလည်း ယှဥ်ကစားဖို့ထက် ထိန်းကစားပြီး အမှားစောင့်ကစားလာဖို့ များပါတယ်။ ဘော်ဒီကြေးအရ လီဗာပူးအသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက် သရေကျသွားနိုင်တယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်နေတာကြောင့် အဝေးကွင်းလီဗာပူးအသင်း ဂိုးအများကြီး သွင်းနိုင်မယ် မထင်ပါဘူး။ ခံစစ်အားပြုကစားပြီး အမှားစောင့်ကစားလာမဲ့ ပဲလေ့စ်အသင်းလည်း တစ်ဂိုးထပ်ပိုပြီး ရမယ် မထင်ပါဘူး။ ပေါက်ကြေးအရ ဘော်ဒီအောက်နဲ့ ဂိုးအောက် တစ်ခုခုအနိုင်ရသွားနိုင်သလို နှစ်ခုလုံးအနိုင်ရသွားနိုင်ပေမဲ့ စုံပေါ်အောင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီအတွက်ကြောင့် အောက်ကြေးပဲလေ့စ်ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။

◾မန်စီးတီး Vs ဖူဟမ်

မန်စီးတီးအသင်းမှာ ရိုဒရီနဲ့ ဒီဘရိုင်းမပါနိုင်ရင် တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းမှာ အားနည်းချက်တွေ
ရှိလာတယ်ဆိုတာ မြင်တွေ့ထားရပါတယ်။  ဖူဟမ်အသင်းက ပထမဆုံးကစားခဲ့တဲ့ မန်ယူအသင်းကိုသာ ကပ်ရှုံးခဲ့ပေမဲ့ နောက်ပိုင်းပွဲစဥ်ခုနှစ်ပွဲလုံး ရှုံးပွဲမရှိခဲ့သလို ခြေစွမ်းနဲ့ရလဒ်ပိုင်းမှာ တိုးတက်လာတာ တွေ့ရပါတယ်။ နောက်ဆုံးတွေ့ဆုံမှု နှစ်ပွဲမှာ မန်စီးတီးအသင်းက ဂိုးပြတ်တွေနဲ့ အနိုင်ရထားတယ် ဆိုပေမဲ့ ဒီပွဲမှာတော့ အဲဒီလို ဖြစ်လာမယ် မထင်ပါဘူး။ ဒီပွဲမှာ မန်စီးတီးအသင်းက ဘော်ဒီကြေး နှစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်အရှုံး ဖြစ်ပါတယ်။ ရိုဒရီမပါနိုင်တဲ့ မန်စီးတီးခံစစ်ကို နောက်ဆုံးခုနှစ်ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့ ဖူဟမ်အသင်း တစ်ဂိုးလောက်သွင်းနိုင်တယ်လို့ ယူဆထားပါတယ်။ ဖူဟမ်အသင်းသာ တစ်ဂိုးရခဲ့ရင် မန်စီးတီးအသင်း လေးဂိုးသွင်းမှ ကြေးအပြည့်အောင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပြားလေးဆယ်ရင်းပြီး အောက်ကြေး ဖူဟမ်အသင်းကို ရွေးချယ်ပေးချင်သလို ဂိုးပေါ်ကို အနည်းငယ်ကာကစားဖို့ အကြုံပြုပါတယ်။

◾အာဆင်နယ် Vs ဆောက်သမ်တန်

အာဆင်နယ်အသင်းက ဘော်ဒီကြေး နှစ်လုံးတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးပေးထားပါတယ်။ အိမ်ရှင် အာဆင်နယ်အသင်းက ဒီလိုကြေးတန်းမျိုး ဝုဗ်အသင်းနဲ့ လက်စတာအသင်းတို့ကို ပေးထားခဲ့ပြီး ဝုဗ်အသင်းကို ဘော်ဒီကြေး ပြားနှစ်ဆယ်လောက် ရှုံးခဲ့သလို လက်စတာအသင်းကိုတော့ ပြားနှစ်ဆယ်လောက် အနိုင်ပြန်ရခဲ့တာကို တွေ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ ချန်ပီယံ ဖြစ်လိုမှုနဲ့ အနိုင်ရလဒ်ရယူဖို့အတွက် အင်တိုက်အား တိုက် ကြိုးစားကစားတတ်တာကို လုံးဝသဘောကျပါတယ်။ နောက်တစ်ချက်က ဆောက်သမ်တန်အသင်းက လက်စတာအသင်းနဲ့ ဝုဗ်အသင်းတို့လောက် မကောင်းဘဲ ခံစစ်တအားပြဲတဲ့အသင်းမျိုး ဖြစ်နေတာကြောင့် အိမ်ရှင်အာဆင်နယ်အသင်း အနိမ့်ဆုံးနှစ်ဂိုးလောက်နဲ့ နိုင်ဦးမယ်ထင်ပါတယ်။ ချန်ပီယံလိဂ်ကစားခဲ့ရသလို အိုဒီဂတ်မပါနိုင်တဲ့ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက ကြေးပြင်းတဲ့အနေအထားမှာ ရှိတယ်လို့ ထင်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး သိပ်မကွာတဲ့ အနေအထားမှာ အာဆင်နယ်ဘော်ဒီကိုမှ ရွေးချယ်မယ်ဆိုရင် ဂိုးပေါင်းအပေါ်ကိုပါ ထည့်ရွေးရမှာဖြစ်တဲ့အတွက် အာဆင်နယ်ဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်ပေးချင်ပါတယ်။

◾ ဘရန့်ဖို့ Vs ဝုဗ်

ပရီးမီးယားလိဂ် ခြောက်ပွဲကစားထားရာမှာ သရေတစ်မှတ်သာ ရထားပြီး အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေတဲ့ ဝုဗ်အသင်း ဒီပွဲမှာသာ ရလဒ်မကောင်းခဲ့ရင် နည်းပြ ဂယ်ရီအိုနေးလ်ကို ထုတ်ပယ်သွားနိုင်တဲ့  အခြေအနေဖြစ်ပါတယ်။ ဒီပွဲပြီးရင် ကြားရက်မှာ တစ်ပတ်နားမှာဆိုပေမဲ့ နောက်ပွဲမှာ မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် ရလဒ်ကောင်းဖို့ သိပ်မလွယ်ပါဘူး။ နောက်တစ်ချက်က ဝုဗ်အသင်း ရလဒ်တွေ ဆိုးနေတယ်ဆိုပေမဲ့ အာဆင်နယ် ၊ လီဗာပူး ၊ ချဲလ်ဆီး ၊ ဗီလာနဲ့ နယူးကာဆယ်အသင်းတို့လို့ ခြေစွမ်းကောင်းတဲ့ အသင်းကြီးတွေနဲ့ ကစားခဲ့ရတာကို မေ့မထားသင့်ပါဘူး။ အိမ်ကွင်းကောင်းတဲ့ ဘရန့်ဖို့အသင်းက ဘော်ဒီကြေးပြား ခုနှစ်ဆယ်လောက်သာ ပေးထားနိုင်သလို တိုက်စစ်က လေးယောက်လောက်ထိ ဒဏ်ရာရနေပြီး အဓိကကျတဲ့ ကစားသမားတွေ မပါနိုင်သေးတဲ့ အခြေအနေမျိုး တွေ့ရပါတယ်။ ဒီပွဲမှာ ဝုဗ်အသင်း ပြန်လာချိန်တန်ပြီလို့ ယူဆထားသလို အနိမ့်ဆုံး သရေလောက်တော့ ကစားနိုင်မယ် ထင်ပါတယ်။ ဘော်ဒီကြေး ပျော့နေတာရယ်၊ ဘရန့်ဖို့အသင်းက လူမစုံချိန်မှာ ဝုဗ်အသင်းက ရလဒ်ကောင်းဖို့ အသည်းအသန်လိုအပ်နေတာကြောင့် အနိမ့်ဆုံးသရေကနေ မထင်မှတ်ဘဲ ဝုဗ်အသင်း အနိုင်ရသွားနိုင်တယ်လို့တောင် ယူဆထားတဲ့အတွက် အောက်ကြေးဝုဗ်အသင်းကို ဒီညရဲ့အကြိုက်ဆုံးပွဲအဖြစ် ရွေးချယ်ပေးပါတယ်။

◾ဝက်စ်ဟမ်း Vs အစ်ဆွချ်

နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ နည်းပြ လိုပယ်တီဂူရဲ့ ဝက်စ်ဟမ်းအသင်းလည်း နိုင်ပွဲပြန်ရချိန်တန်ပြီ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် စပါးနဲ့ မန်ယူအသင်းတို့လို အသင်းကြီးတွေနဲ့ ပွဲကြပ်ကစားရမှာ ဖြစ်တဲ့အတွက် အခုအိမ်ကွင်းပွဲသာ ရလဒ်မကောင်းခဲ့ရင် နည်းပြလိုပယ်တီဂူလည်း အထုတ်ခံရဖို့ ရာခိုင်နှုန်းများလာနိုင်ပါတယ် ။ တစ်ဖက်က အစ်ဆွချ်အသင်းက နောက်ဆုံးငါးပွဲဆက် သရေပွဲတွေချည်း ကစားထားသလို ကစားပုံသိပ်မဆိုးတာ ဖြစ်တဲ့အတွက် ဝက်စ်ဟမ်းအသင်းအနိုင်ရပါ့မလားဆိုတာ သံသယဝင်စရာ ကောင်းပါတယ်။ ဘော်ဒီတည်ကြေးထက် ပြားသုံးဆယ်လောက်ကျလာပေမဲ့ ယခုအချိန်မှာ သရေအရှုံးလောက်ထိ ပေးထားတဲ့ ဝက်ဟမ်းအသင်းရဲ့ ဘော်ဒီကြေးကို ပျော့နေတယ်လို့ မထင်ပါဘူး။ တစ်ဖက်က အစ်ဆွချ်အသင်းက တန်းတက်အသင်းဆိုပေမဲ့ ခြေစွမ်းသိပ်မဆိုးသလို ရလဒ်တွေပါ ကောင်းနေတယ်ဆိုပေမဲ့ ဒီကွင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းဖြစ်သလို ကစားသမားတွေရဲ့ အရည်အသွေးပိုင်းမှာလည်း ဝက်စ်ဟမ်းအသင်းကစားသမားတွေက ပိုကောင်းပါတယ်။ ဝက်စ်ဟမ်းအသင်းက နိုင်ပွဲပြန်ရချိန်တန်နေပြီး တန်းတက်အသင်း အစ်ဆွချ်က ရှုံးပွဲတွေ့ချိန်တန်နေပြီလို့ ယူဆထားတဲ့အတွက် အိမ်ရှင်ဝက်စ်ဟမ်းအသင်းကို ကြိုက်ပါတယ်။

◾လက်စတာ Vs ဘုန်းမောက်

တန်းတက်လက်စတာအသင်းက ပရီးမီးယားလိဂ် ခြောက်ပွဲကစားထားရာမှာ နိုင်ပွဲလုံး၀မရသေးသလို သရေသုံးမှတ်ပဲ ရထားတယ်ဆိုပေမဲ့ ခြောက်ပွဲလုံးဂိုးသွင်းထားနိုင်ပါတယ်။ ဘုန်းမောက်အသင်းကတော့ အသင်းမရွေး ကွင်းမရွေး တိုက်စစ်အားပြုကစားတတ်သလို ဂိုးလည်းပေးတယ် ဂိုးလည်းသွင်းမယ်ဆိုတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းက အရမ်းအကောင်းကြီး ဖြစ်မနေပေမဲ့ အဝေးကွင်းကနေ ပြားခုနှစ်ဆယ်အရှုံးထိ ပြန်ပေးထားတဲ့ ပေါက်ကြေးက ဘုန်းမောက်အသင်း တိုက်စစ်ဖွင့်ကစားမယ် ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ကြားရက်မှာ တစ်ပတ်နားမှာ ဖြစ်ပေမဲ့ ဒီပွဲပြီးရင် ဘုန်းမောက်အသင်းက အာဆင်နယ် ၊ ဗီလာနဲ့ မန်စီးတီးတို့လို အသင်းကြီးတွေနဲ့ ကန်ရမှာ ဖြစ်တာကြောင့် တန်းတက်လက်စတာအသင်းကို အနိုင်ရဖို့ အဓိကထား ကစားမယ် ထင်ပါတယ်။ ဒီပွဲမှာ ဘုန်းမောက်အသင်းက ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ်။ ပွဲတိုင်းဂိုးသွင်းထားတဲ့ လက်စတာအသင်းရော ကြေးကြောပေးထားတဲ့ တိုက်စစ်အားသန် ဘုန်းမောက်အသင်းရော ဂိုးရမယ်ထင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾အဲဗာတန် Vs နယူးကာဆယ်

ပြီးခဲ့တဲ့အပတ်မှာ အဲဗာတန်အသင်းက ပဲလေ့စ်အသင်းကို အနိုင်ရခဲ့ပြီး နိုင်ပွဲစရခဲ့သလို အိမ်ကွင်းဂိုးသွင်းအား ရှိတဲ့ အသင်းဖြစ်ပါတယ်။ သို့ပေမဲ့ ခံစစ်ကအချိန်မရွေး ဂိုးပြန်ပေးရတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ နယူးကာဆယ်အသင်းက အဝေးကွင်းအားနည်းတဲ့ အသင်းဖြစ်တဲ့အတွက် အိမ်ရှင်အဲဗာတန်အသင်းကို ဂိုးပေးရနိုင်သလို အဲဗာတန်အသင်းကလည်း ခံစစ်ညံ့တဲ့အသင်း ဖြစ်တဲ့အတွက် နယူးကာဆယ်အသင်း ဂိုးရနိုင်ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး ပြား​ငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးပါးပါးသာ ပေးထားပေမဲ့ ဂိုးပေါင်းကြေးက နှစ်သင်းလုံး ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်နေပါတယ်။ နှစ်သင်းလုံးက အနိုင်ရလဒ်ကို ဦးတည်ကစားလာမဲ့ အနေအထားမျိုး တွေ့ရသလို ဂိုးရနိုင်တဲ့ ပေါက်ကြေးနဲ့ခြေစွမ်းတွေကြောင့် ဂိုးပေါ်တစ်ကြောင်းတည်းကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *