October 5, 2024

၅.၁၀.၂၀၂၄
Written by K Pyay Thein

ရန်ကုန်မြစ်ထဲ ထူးကဲဒီရေတက်နိုင်မယ်ဆိုတာကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာထားပြီး ဒီလို ထုတ်ပြန်ထားတာကြောင့် ရန်ကုန်မြို့အတွင်းက အနိမ့်ပိုင်းရပ်ကွက်တွေအနေနဲ့ ဂရုပြုနေထိုင်ကြဖို့လိုမယ်လို့ MM Weather အဖွဲ့က ယနေ့ အောက်တိုဘာ ၅ ရက်‌မှာ ထုတ်ပြန်ထားပါတယ်။

“ရန်ကုန်မြစ်ထဲ ထူးကဲဒီရေတက်နိုင်မယ်ဆိုတာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ကြေညာထားတာ တွေ့ပါတယ်။ အခုလက်ရှိ ပဲခူးမြစ်ရေ၊ လှိုင်မြစ်ရေတွေက ပုံမှန်ရေအမှတ်အထိကျနေပြီး ငမိုးရိပ်တမံကလည်း ရေပြန်ကျနေပြီဖြစ်တာကြောင့် ငမိုးရိပ်ချောင်းဘေးအနိမ့်ပိုင်းရပ်ကွက်များကလွဲရင် စိုးရိမ်စရာမရှိပါ”လို့ MM Weather အဖွဲ့က ဆိုထားပါတယ်။

ဒါ့အပြင် မိုးရွာနိုင်မယ်ဆိုရင်တောင် မိုးများနိုင်မှာမဟုတ်ပေမဲ့ TIDE-FORECAST က တင်ထားတဲ့ ရန်ကုန်မြစ်ရေအမြင့်က အောက်တိုဘာလ ၁၈ ရက်နေ့ကစလို့ ၂ဝ ရက်နေ့အထိ ၃ ရက်အတွင်း နံနက်အစောပိုင်း အိပ်ကောင်းချိန်တွေမှာ အမြင့်ဆုံး ၂၃ ဒသမ ၀၇ ပေအထိရှိနိုင်မယ်လို့ ဆိုပါတယ်။

ထူးကဲဒီရေကြောင့် ရန်ကုန်မြို့ငမိုးရိပ်ချောင်းဘေးတစ်ဘက်တစ်ချက်က ရေဝင်တတ်တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သတိထားဂရုပြုနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

Photo – CJ/MM Weather အဖွဲ့။

#ထူးကဲဒီရေ #ရန်ကုန်မြို့ #MMWeather #အနိမ့်ပိုင်း #ရပ်ကွက် #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *