October 4, 2024

၄. ၁၀. ၂၀၂၄
Written by Zaw Moe

PDF များက ယနေ့တွင် စစ်ကိုင်းတိုင်းဒေကြီး၊ ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာကို Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထား သည်။

ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာအား PDF များက ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂၀၀ ခန့်အမြင့်မှနေ၍ Drone ဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း အေးချမ်းစွာနေထိုင် လုပ်ကိုင်နေကြသူ အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများအား ကျေးရွာဆေးပေးခန်း၌ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

PDF များ၏ ယခုကဲ့သို့ အေးချမ်းစွာနေထိုင်နေကြသော ဒေသခံပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့်လုပ်ရပ်သည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်များကို စနစ်တကျရှင်းလင်းချေမှုန်းနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *