October 4, 2024

၄.၁၀.၂၀၂၄
Written By Zun

သန်းခေါင်စာရင်းကောက်ခံရာတွင် ပါဝင်သူတစ်ဦးဖမ်းဆီးခံရမှု ချင်းပြည်နယ် တီးတိန်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း ယနေ့ အောက်တိုဘာ ၄ ရက်တွင် ဖမ်းဆီးသည့် PDF-Zoland ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ချင်းညီနောင်အဖွဲ့ဖြစ်သော PDF Zoland နှင့် Chin Brotherhood တို့၏ ထုတ်ပြန်ချက်ကို မလိုက်နာဟုဆိုကာ တီးတိန်မြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သော U Kam Lam Thang ဆိုသူအား PDF-Zoland ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အလားတူ အခြားပါဝင်လှုပ်ရှားသူများ ရှိလာပါကလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PDF Zoland က ခြိမ်းခြောက် ထားသည်။

ချင်းပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး ကူညီသော မည်သူ့ကိုမဆို အရေးယူမည်ဟု PDF Zoland က ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်တွင် ခြိမ်းခြောက် ထားသည်ကိုလည်းတွေ့ရပြီး တီးတိန်မြို့နယ်သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ တီးတိန်ခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်ကာ မြို့နယ်ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *