October 4, 2024

၄.၁၀. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံများ “Best Countries စာရင်းတွင် ကမ္ဘာ့အဆင့် ၇၃ နေရာ ရပ်တည်နေပြီး အာဆီယံဒေသတွင်းနိုင်ငံများထဲတွင်မူ အဆင့် ၁၀ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာ့ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော WPP နှင့် အမေရိကန်နိုင်ငံအခြေစိုက် ပင်ဆယ်ဗေးနီးယား တက္ကသိုလ်တို့ ပူးပေါင်းပြီး စစ်တမ်းကောက်ယူကာ ကမ္ဘာအဆင့် သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၈၉ နိုင်ငံနှင့်ပတ်သက်၍ အဆင့်သတ်မှတ်ချက်များဖော်ပြခဲ့ကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများအနက် “Best countries” စာရင်းတွင် စင်ကာပူနိုင်ငံက ထိပ်ဆုံး၌ရပ်တည်နေပြီး ထိုင်းနိုင်ငံက ဒုတိယနေရာ ရပ်တည်နေကာ မလေးရှားနိုင်ငံက တတိယနေရာ ရပ်တည်နေကြောင်း သိရသည်။

ထို့အပြင် အင်ဒိုနိးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီး ယားနိုင်ငံတို့လည်း မြန်မာနိုင်ငံ၏အထက်တွင် ရပ်တည်နေကြောင်း သိရသည်။ စင်ကာပူနိုင်ငံသည် ကမ္ဘာ့အဆင့်တွင် အဆင့် ၁၄ နေရာ ရပ်တည်နေပြီး ထိုင်းနိုင်ငံက ကမ္ဘာအဆင့် ၂၈ နေရာ ရပ်တည်နေကာ မလေးရှားနိုင်ငံက ကမ္ဘာ့အဆင့် ၃၈၊ အင်ဒိုနိးရှားနိုင်ငံက ကမ္ဘာ့အဆင့် ၄၁ ၊ ဗီယက်နမ်နိုင်ငံက ကမ္ဘာ့အဆင့် ၄၄၊ ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာ့အဆင့် ၄၅၊ ကမ္ဘောဒီးယားနိုင်ငံက ကမ္ဘာ့အဆင့် ၆၈ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံးနိုင်ငံများ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နိုင်ငံများ၏ ယဉ်ကျေးမှု၊ သမိုင်းဝင်အဆောက်အဦ၊ လူမှုရေး၊ စီးပွားရေး၊ လူမှုအရည်သွေး၊ အလုပ်အကိုင်အခွင့်အရေး၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုလွတ်လပ်ပွင့်လင်းမှု စသောအချက်များကို အခြေခံကာ အမှတ်ပေးအဆင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ကမ္ဘာ့ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော WPP နှင့် အမေရိကန်နိုင်ငံအခြေစိုက် ပင်ဆယ်ဗေးနီးယားတက္ကသိုလ် တို့သည် ကမ္ဘာ့အကောင်းဆုံးနိုင်ငံများ အဆင့်သတ်မှတ်ရန်အတွက် မတ်လမှ မေလအထိ နိုင်ငံပေါင်း ၈၉ နိုင်ငံမှ လူပေါင်း နည်းဆုံး ၁၇၀၀၀ ကျော်ထံမှ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။

REF , Thestar

Leave a Reply

Your email address will not be published. Required fields are marked *