October 4, 2024

၄.၁ဝ.၂ဝ၂၄
Written by K Pyay Thein

ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးဘတ် ၆ သန်းထီဆုကို မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံနှစ်ဦးက ဆွတ်ခူးခဲ့တယ်လို့ ထိုင်းရောက်မြန်မာ့ရွှေ့ပြောင်းအလုပ်သမားအ‌ရေးကိစ္စရပ်တွေကို ကူညီပေးနေတဲ့ (M.H.A.C)မဟာမိတ်အဖွဲ့က သိရပါတယ်။

ဒါဟာ ထူးထူးခြားခြား(၄)ကြိမ်ဆက်တိုက် မြန်မာ‌ ရွှေ့ပြောင်းလုပ်သားတွေပဲ ထိုင်းရဲ့အမြင့်ဆုံးထီကို ကံထူးခဲ့တာဖြစ်တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်းစောင်နယ်မြေရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံဦးဟာ အောက်တိုဘာ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ၇၁၈၆၆၅ ဂဏန်းနဲ့ ဘတ် ၆ သန်းဆုပေါက်ကာ ကံထူးရှင်ဖြစ်ခဲ့တာဖြစ်တာလို့ သိရပါတယ်။

အဲ့ဒီ ဇနီးမောင်နှံနှစ်ဦးဟာ မွန်ပြည်နယ်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို လာရောက်ပြီး အလုပ်လုပ်ကိုင်နေတာ (၁၉) နှစ်ကျော်ရှိပြီဖြစ်ပြီး သူတို့ ဇနီးမောင်နှံအနေနဲ့ မြန်မာနိုင်ငံကို မပြန်သေးဘဲ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်သွားမှာကြမှာဖြစ်တယ်လို့ (M.H.A.C)မဟာမိတ်အဖွဲ့က ပြောပါတယ်။

အခုအခါမှာတော့ ထိုင်းရောက်မြန်မာ့ရွှေ့ပြောင်းအလုပ်သမားအ‌ရေးကိစ္စရပ်တွေကို ကူညီပေးနေတဲ့ (M.H.A.C)မဟာမိတ်အဖွဲ့ရဲ့အကူအညီနဲ့ ကံထူးရှင်ဇနီးမောင်နှံဟာ ထီဆုငွေဘတ် ၆ သန်းကိုထုတ်ယူပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo. – M.H.A.C မဟာမိတ်အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *