October 4, 2024

၄.၁၀. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်း တန်ဂေးလ်ခရိုင်အတွင်း ခါလီဟာတီမြို့၌ ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ အောက်တိုဘာလ ၄ ရက် အစောပိုင်းနာရီများက ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ လူလေးဦးသေဆုံးပြီး အနည်းဆုံးရှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းများအရ သိရသည်။

သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကိုမူ လောလောဆယ်အချိန်တွင် မသိရသေးကြောင်းလည်း သတင်းများကဆိုသည်။

ဒဏ်ရာရရှိသူများကို တန်ဂေးလ်ခရိုင်ဆေးရုံသို့ အမြန်တင်ပို့ခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်သည့်အခြေအနေတွင်ရှိကြောင်းလည်း သိရသည်။

အီလန်ဂါ အဝေးပြေးကားလမ်းမကြီးပေါ်ရှိ ရဲကင်းစခန်းတာဝန်ခံ နန်နူးခန်က အောက်တိုဘာလ ၄ ရက်သို့အကူး နံနက် ၁၂ နာရီခွဲခန့်တွင် ယာဉ်တိုက်မှုဖြစ်ခဲ့ရခြင်းဖြစ်ပြီး ဘတ်စ်ကားပေါ်မှ ခရီးသည်လေးဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရ‌ကြောင်း ပြောခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ဘတ်စ်ကားနှင့် ထရပ်ကားနှစ်စီးလုံးပင် ထိခိုက်ပျက်စီးခဲ့ကြပြီး သေဆုံးသူများ၏အလောင်းများကို ရဲကင်းစခန်းအတွင်း ထည့်သွင်းထားရကြောင်းလည်း နန်နူးခန်ကပြောခဲ့သည်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *