October 4, 2024

၄.၁၀.၂၀၂၄
Written By Thandar

ဂီတလမ်းကြောင်းပေါ်မှာရော သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ချစ်ခင်အားပေးမှုတွေ ပိုမိုရရှိလာတဲ့ အကယ်ဒမီနေဝင်းနဲ့ ဇနီးအိမ့်ချစ်ချောတို့ရဲ့ သမီးဦးရတနာလေးကို ယနေ့ မွေးဖွားခဲ့ပါတယ်။

“ပထမဆုံး မိသားစုပုံလေးပါ။ အမေကော သမီးကော ကျန်းမာပါတယ်”လို့ အကယ်ဒမီနေဝင်းက ပြောပါတယ်။

သူတို့နှစ်ဦးရဲ့ သမီးဦးရတနာလေးကိုတော့ ယနေ့ အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။

“သမီးလေးကတော့ 7lb 14oz မေ့သမီး တစ်တုတ်လေး အရာရာလေး “လို့ ဇနီးဖြစ်သူ အိမ့်ချစ်ချောက‌ ရင်ဖွင့်လာပါတယ်။

သူကတော့ ပထမရက်ပိုင်းလေးမှာ ဆရာ့ ဆရာ့ကြီးလာတော့မယ်ဆိုပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ သမီးလေးကို အရာရာလို့ နာမည်လေး ချစ်စနိုးပေးထားတာလည်းဖြစ်ပါတယ်။

“သမီးလေးရလို့ ကံကောင်းတယ်လို့ မပြောချင်ပါဘူး။ တိုက်ဆိုင်တာလေးတွေ ရှိလို့နေမှာပါ။ လူတိုင်းမှာတော့ သူ့အကြောင်းလေးသူ ရှိကြမှာပါ။ အရင်ကထက် ပိုဂရုစိုက်ဖြစ်တယ်”လို့ သူက ပြောခဲ့ပါတယ်။

သူတို့စုံတွဲကတော့ ၂၀၀၉ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီးတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ Inya Lake Hotel ရဲ့ Pool Side Lawn မှာ မင်္ဂလာပွဲ ညစာစားပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

AYarYar

Naywin #EaintChitChaw

MyanmarActor #MyanmarSinger

Leave a Reply

Your email address will not be published. Required fields are marked *