October 4, 2024


MT News
၄.၁၀. ၂၀၂၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် ၁၃ ဦးအား ပြန်လည်ကြိုဆိုလက်ခံပွဲ ကျင်းပပြီး မိဘများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုဆိုလက်ခံပွဲကို အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့သည်။

ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင် အမျိုးသား ၁၃ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံကာ  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သိရသည်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် PDF များအား ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ပြီး ပြစ်မှုကျူးလွန်မထားသည့် PDF လူငယ်များကို မိဘထံ ပြန်လည်အပ်နှံမှုမှာ လူဦးရေ ၁၀၀၀ ကျော် ရှိနေပြီဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *