October 4, 2024

၃.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံစုံရင်းနှီးမြှုပ်နှံမှု ဘဏ်ဖြစ်သော နယူးယော့ခ်မြို့ရှိ Bank of America တွင် အောက်တိုဘာ ၂ ရက်က ဘဏ်စနစ်ချွတ်ယွင်းကာ အွန်လိုင်းဘဏ်လုပ်ငန်း ငွေစုအကောင့်များ၌ Zero Balances ပြပြီး စုငွေ လုံးဝ ပျောက်ဆုံးသွားသည့်အခြေအနေဖြစ်ခဲ့ရကြောင်း သိရသည်။

Bank of America ၏ ငွေစုသူများက ၎င်းတို့အနေဖြင့်ဘဏ်တွင် လက်ကျန်ငွေများစွာရှိသော်လည်း ၎င်းတို့ ၏ဘဏ်စုငွေစာရင်းများတွင် လုံးဝငွေမရှိနေတာ့ဟု ပြနေသည်ကို အောက်တိုဘာလ ၂ ရက်က ကြုံခဲ့ရကြောင်းပြောခဲ့ကြသည်။

Bank of America ကမူ အချို့သော ဘဏ်၏ငွေစုသူများအနေဖြင့် ၎င်းတို့၏ လက်ကျန်ငွေစာရင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုရာတွင် ပြဿနာအချို့နှင့် ကြုံတွေ့ခဲ့ရကြောင်း၊ သို့သော် ထိုပြဿနာကို ဖြေရှင်းပြီးဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထိုသို့ လက်ကျန်ငွေစာရင်း သုညနှင့် ကြုံခဲ့ရသည့် ငွေစုစာရင်းများက မွန်းလွဲတစ်နာရီခန့်တွင် သတင်းပို့ချက် ၂၀,၀၀၀ ကျော်ဖြင့်အများဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။ မွန်းလွဲ ၃ နာရီ ၃၇ မိနစ်အထိ ဘဏ်အနေဖြင့် ထိုကဲ့သို့ ငွေစာရင်းတွင် စုငွေ လုံးဝပျောက်ဆုံးသွားမှု သတင်းပို့ချက်အသစ် ၄,၆၆၈ ကို ထပ်မံရရှိထားခဲ့သေးသည်ဟုလည်းဆိုသည်။

လူမှုကွန်ရက် X တွင် ငွေစုသူတစ်ဦးက “ကျွန်တော့်မိသားစုနဲ့ ကျွန်တော်တို့ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတုံး ကလည်း ဒီလိုပဲ ဘဏ်စနစ်မှာ ရုတ်တရက်အမှားဖြစ်မှုနဲ့ကြုံခဲ့ဖူးသေးတယ်။ အဲဒီတုံးကလည်း ခုလိုပဲ ကျွန်တော်တို့ငွေစာရင်းတွေမှာ လက်ကျန်ငွေ သုည ဖြစ်ကုန်တာပေါ့။ ဒါကို Bank of America ကတော့ ဝန်ခံမယ့်ပုံမပေါ်ဘူး။ ကျွန်တော်တို့မှာ ဆက်သွယ်ဖို့ ကိုယ်စားလှယ်တစ်ဦးဦးလည်း မရှိဘူး။ ဘာတွေဆက်ဖြစ်ဦးမလည်း” ဟုရေးသားထားခဲ့သည်။ အခြားတစ်ဦးကလည်း”ဒီကိစ္စမှာကျွန်တော် စိုးရိမ်မှုမဖြစ်သင့်ဘူးလား” ဟု ရေးသားခဲ့သည်။

Bank of America ကိုယ်စားလှယ်များကမူ ” ဘယ်စုငွေစာရင်းမဆို ခင်ဗျားတို့ရဲ့ မေးခွန်းတွေ၊ စိုးရိမ်မှုတွေအတွက် ကျွန်တော်တို့ဘက်က ကူညီဖြေရှင်းသွားပါမယ်” ဟု လူမှုကွန်ရက်တွင် ပြန်လည်ရေးသားထားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *