October 4, 2024

၃.၁၀.၂၀၂၄
Written by K Pyay Thein

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဒီကနေ့ အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီ အချိန်ခန့်က ဓာတ်တိုင်တွေပြိုလဲကျမှုဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ကားနဲ့ အိမ်စီးကားအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

“ဓာတ်တိုင်တွေလဲကျလို့ ဘတ်စ်ကားအချို့နဲ့ ကားလေးတွေပေါ်ပိကျနေပါတယ်။ လမ်းက တော်တော်ပိတ်နေပါတယ်။ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် အသွားရောအပြန်ရော ဓာတ်တိုင်တွေလဲလို့ ပိတ်နေတယ်။ အဲ့ဘက်က ကားအလာစောင့်နေသူတွေ တခြားကားသာစီးကြပါ။ လမ်းပိတ်တဲ့နေရာ စာတိုက်မှတ်တိုင်နဲ့ ကမ္ဘာအေးမှတ်တိုင်အကြားမှာပါ”လို့ အဲ့ဒီ ပတ်ဝန်းကျင် အနီးအနားမှာရှိ‌နေတဲ့ ခရီးသွားပြည်သူတစ်ဦးက ပြောပြထားပါတယ်။

လက်ရှိအချိန်မှာတော့ ချော်တွင်းကုန်းကနေ နဝဒေးလမ်းဆုံအထိ ကမ္ဘာအေးဘုရားလမ်းကိုပိတ်ထားပြီး သက်ဆိုင်ရာကရှင်းလင်းမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ မည်သည့်အတွက်ကြောင့် ဓာတ်တိုင်တွေ အခုလိုပြိုလဲခဲ့တယ်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုတော့ မသိရှိရသေးပါဘူး။

“ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဓာတ်တိုင်လဲတာက ဟုတ်ပါတယ်။ အခြားလူမှုရေးအသင်းတွေ သွားနေကြပါတယ်။ ထိခိုက်ဒဏ်ရာရလူနာ အခြေအနေတော့မသိရသေးပါဘူး”လို့ ရန်ကုန် တောင်ဥက္ကလာပအခြေစိုက် လူမှုကူညီရေးသမားတစ်ဦးက MT News ကို ပြောပါတယ်။

ကမ္ဘာအေးဘုရားလမ်း #ဓါတ်တိုင်လဲ

ရန်ကုန်မြို့ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *