October 4, 2024

၃.၁၀.၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၊ ပြည်- တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ် ၂၂/၀ နဲ့ ၂၂/၁ အကြားရှိ လက်ဖက်ရည်ဆိုင်ထဲတွင် အမျိုးသားတစ်ဦးကို ဓားမဖြင့် ခုတ်ပြီး ရင်ကိုခွဲကာ အသည်းထုတ်၍ လွှင့်ပစ်သတ်ဖြတ်ခဲ့သူကို အောက်တိုဘာလ ၂ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၁ ရက်နေ့က ကိုထွန်းမင်းလတ်(ခ)ဘိုရူးဆိုသူ၏အနီးသို့ ကျူးလွန်သူက ထိုင်ရန်သွားရောက်စဥ် ကျောက်ခဲဖြင့်ပစ်ပေါက်သည်ကို မကျေနပ်၍ အောင်ဆန်းဦး(ခ)ဂွေးတိုက စိတ်မထိန်းနိုင်ဘဲ တဲအတွင်းရှိ ဓားမဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဓားမဖြင့် ခုတ်သတ်ခံရသူ ကိုထွန်းမင်းလတ်(ခ)ဘိုရူး၏ လည်ပင်းတွင် ၁ ချက်၊ ဘယ်လက်ကောက်ဝတ်တွင် ၁ ချက်၊ ညာလက်ကောက်ဝတ်တွင် ၁ ချက်ဒဏ်ရာများရရှိခဲ့ပြီး စတီးဓားဖြင့် ဗိုက်ကိုထပ်ခွဲကာ အသည်းကို ထုတ်ယူ၍ ပုသိမ်-မုံရွာ ကားလမ်းဆုံ ဆိုင်းဘုတ်အနီးတွင် လွှင့်ပစ်ခဲ့ကြောင်း ကျုးလွန်သူ အောင်ဆန်းဦး(ခ)ဂွေးတို ၏ ရဲတပ်ဖွဲ့ထံထွက်ဆိုချက်အရ သိရသည်။

လူသတ်မှုကျုးလွန်သူ အသက် ၁၇ နှစ်အရွယ် အောင်ဆန်းဦး(ခ)ဂွေးတိုကို ဥသျှစ်ပင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *