October 4, 2024

၃.၁၀.၂၀၂၄
Written By Thandar

သရုပ်ဆောင်ခန့်စည်သူ ဦးဆောင်မှုနဲ့အတူ ခုနစ်ရက်သားသမီးတွေက ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရေနစ်မြုပ်နေတဲ့ ရွာတွေက မိသားစုဝင်အယောက် ၅၀၀ ကျော်တို့ကို ဆန်၊ ဆီ၊ စားသောက်ကုန်နဲ့ အလှူငွေသိန်း ၁၅၀ ကျော်တို့ကို ကိုယ်တိုင်သွားရောက်လှူဒါန်းပြီး အားပေးစကားတွေ ပြောခဲ့ကြပါတယ်။

“ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ လပိုင်းကလည်း တကယ့်ကို ခက်ခဲနေတဲ့ ကိုယ့်ပရိသတ် မိတ်ဆွေတွေကို သွားရောက်ပြီး ချက်ပြုတ်လှူဒါန်းခဲ့ပါတယ်။ ဒီတစ်ခေါက်ကတော့ ကယားပြည်နယ်ဘက်ကို လာလှူဖြစ်တာပါ။ တကယ့်ကို ခက်ခဲနေတဲ့သူလည်းဖြစ်တယ်။ ရေတွေနစ်မြုပ်ပြီး အိမ်နေ မိသားစုတွေအတွက်လည်း စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်။ လိုအပ်နေတဲ့နေရာ ကိုယ်တိုင်လာရောက်လှူဖြစ်တာပါ။ သာသနိက အဆောက်အဦတွေ ပျက်စီးကုန်တဲ့အတွက်လည်း လှူဖြစ်ခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်တည်း လှူကြတာမဟုတ်ပါဘူး။ ခုနစ်ရက်သားသမီးတွေ ကိုယ့်အနုပညာ မောင်နှမတွေလည်း ပါဝင်လှူဒါန်းကြပါတယ်။ ကျွန်တော်တို့ အခုကတော့ အပြန်လမ်းခရီးမှာပဲ ရှိပါသေးတယ်”လို့ သရုပ်ဆောင် ခန့်စည်သူက MT Entertainment ကို ပြောပါတယ်။

သူကတော့ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ မိုးစက်၊ မေချစ်သက်၊ မေမြတ်နိုးခင်၊ မြနန္ဒာ၊ မေသူခိုင်ငြိမ်း၊ မေခလာမျိုးဝင်း စတဲ့သူတွေနဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရေနစ်မြုပ်နေတဲ့ ရွာတွေက မိသားစုဝင်အယောက် ၅၀၀ ကျော်တို့ကို ဆန်၊ ဆီ၊ ဆေး၊ ဖိနပ်၊ လက်ဖက်၊ ငါးပိ၊ ဟင်းခတ်မှုန့်၊ ပန်းကန်၊ ဇွန်း၊ ကျား/မ အဝတ်အထည်၊ ဆိုလာမီး၊ ခေါက်ဆွဲခြောက်၊ အသားတု၊ ရေသန့်ဗူး၊ ဆပ်ပြာ၊ စောင်၊ ခေါင်းအုံးတွေ ပစ္စည်းတွေနဲ့ ငွေတန်ဖိုးသိန်း (၁၅၀)ခန့်ကိုလည်း ရေဘေးစခန်းမှာ ယာယီခိုလှုံနေကြရတဲ့ပြည်သူတွေကို ဝေငှလှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် ကျောင်းဝတ်စုံတွေကိုလည် ဒီးမော့ဆို ခရိုင်ပညာရေးမှူးရုံးမှာ လှူဒါန်းခဲ့ပါတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဆီကို ပင်ပန်းနေပေမယ့်လည်း အလှူအရေးလက်မနှေးဘဲ အပြုံးမပျက် အားတတ်သရော ဦးဆောင်လှူဒါန်း ပါဝင်နေတဲ့ လေးစားရတဲ့ အကို ခန့်စည်သူ ပီတိများစွာဖြစ်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ သာဓုလည်း ခေါ်ပါတယ်။ ဒီထက်မက ဆထက်တမ်းပိုး ဆောင်ရွက်လှူဒါန်းနိုင်ပါစေ” လို့ ကယားပြည်နယ်က ရေဘေးသင့်ပြည်သူဦးက ပြောပါတယ်။

ကယားပြည်နယ်က ပျက်စီးဆုံးရှူံးသွားခဲ့ရတဲ့ သာသနိက အဆောက်အဦတွေအတွက်လည်း ခန့်စည်သူက အလှူငွေ သိန်း ၃၀ ကိုလည်း တစ်ပါတည်းလှူဒါန်းခဲ့ပါတယ်။ ခန့်စည်သူကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကတော့ ရမည်းသင်း၊ တပ်ကုန်းမြို့နယ်တွေရှိ ကျေးရွာတွေရှိ ရေဘေးသင့်ပြည်သူတွေကိုလည်း သွားရောက် လှူဒါန်းမှုတွေလုပ်ဆောင်ခဲ့ပါသေးတယ်။

ခန့်စည်သူ #KhantSiThu

KoKhant #MoeSat #MayeChitThet

#ရေဘေးအလှူ #MyanmarActorDonation

Leave a Reply

Your email address will not be published. Required fields are marked *