October 4, 2024

၃. ၁၀. ၂၀၂၄
Photo By Tha Doe

ဗုဒ္ဓဘာသာဝင်တွေဟာ နေ့စဥ်လိုလို ကောင်းမှုတစ်ခုပြုဖို့ ဆိုဆုံးမသံတွေနဲ့ ကြီးပြင်းလာကြတာပါ။ လူတိုင်းက ကုသိုလ်တစ်ခုမဟုတ်တစ်ခုပြုနေကြတာကြောင့်လည်း ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံထဲကတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ အလှူအတန်းအရာမှာ အမေရိကန်ထက်တောင်သာလွန်တယ်လို့ ကမ္ဘာကအသိအမှတ်ပြုတဲ့ ထိပ်ဆုံးနိုင်ငံတစ်ခုပါ။

နိုင်ငံရေးအကျပ်အတည်းတစ်ခုမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အမြဲတစေလှူတန်းချင်တဲ့စိတ်ကို ချိုးဖျက်လိုက်ကြပေမဲ့ အချိန်ကာလတစ်ခုအလွန်မှာတော့ ပင်ကိုယ်သဒ္ဒါဖြူတဲ့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူအတန်းအမြဲပြုလိုမှုစိတ်စေတသိက်ကို အဆုံးတိုင်မလှဲဖြိုနိုင်တာကို ရာဂီမုန်တိုင်းရိုက်ခတ်မှုမှာ ပြန်မြင်ခဲ့ရသလို ကျပ်ဘီလျံဆယ်ချီပြီး လှူဒါန်းကြတာလည်း ပြန်မြင်ခဲ့ရတာ မင်္ဂလာတစ်ပါးဖြစ်သလို ဒီလိုမင်္ဂလာရှိတဲ့ ရန်ကုန်မြို့လယ်က ကိုရင်ငယ်တွေကို ဆွမ်းလောင်းလှူပွဲ မြင်ကွင်းတစ်ခုကိုလည်း MT News က ပြန်လည် ဖော်ပြပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *