October 4, 2024

၃ .၁၀. ၂၀၂၄
Written by Hey Mar

ဆယ်ကျော်သက် လူငယ်သုံးဦး ငါးမျှားရင်း ရေဆင်းကူးကြရာက နှစ်ဦးရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းက တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက်အပိုင် ကျန်းစစ်သားလမ်းအနီးက ရေပြည့်နေတဲ့ အုတ်ကွင်းအ‌ဟောင်းကန်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ ‌တိုက်ကြီးဒေသခံတစ်ဦးက ဖြစ်စဉ်ကို ဝင်‌ရောက်ကူညီရာမှာ ကြုံတွေ့ရတဲ့ မြေပြင်ခြေအနေကို ပြောပါတယ်။

ရေနစ်တာဖြစ်ဖြစ်ချင်း ကမ်းနဲ့နီးတဲ့ လူငယ်တစ်ဦးက နီးစပ်ရာလှမ်းဆွဲကိုင်ထားပြီး အကူအညီတောင်းလိုက်နိုင်တာကြောင့် မီးနီအိုးဝေသမားက ကြားသိကာ တိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့ထံ အကူအညီလှမ်းတောင်းအကြောင်းကြားပေးတာလို့ သိရပါတယ် ။

“ကောင်လေးတစ်ယောက်ကို အသက်ရှင်လျက် ကယ်လိုက်နိုင်တယ်။ နှစ်ယောက်ကတော့ ဆုံးတယ်။ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်တော့ တစ်ယောက်ကို မနေ့ကသေဆုံးလျက် တွေ့တယ်။ နောက်တစ်ယောက် ဒီမနက် ၇ နာရီ‌‌လောက်မှ တွေ့တာပါ”လို့ မြေပြင်အကူအညီမှာ ပါဝင်ကူညီပေးခဲ့တဲ့ ဒေသခံပရဟိတသမားတစ်ဦးက MT News ကို ပြောပါတယ်။

ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေကို နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းက နိဗ္ဗာန်ယာဉ်နဲ့ တိုက်ကြီးဆေးရုံ ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *