October 4, 2024

၂.၁၀.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ကျီတော်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းတွင် အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီကျော်က ရေသန့်ပို့သည့်ကားနှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အသက် ၇၅ နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဘိုးအို စီးလာတဲ့ဆိုင်ကယ်နဲ့ ရေသန့်ကားက လမ်းလယ်မှာ တိုက်မိတာ။ ဒဏ်ရာရတဲ့ အဘိုးအိုကို မိတ္ထီလာဆေးရုံကနေ မန္တလေးဆေးရုံကြီးကို ပို့နေချိန်မှာပဲ ဆုံးသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်မောင်းနှင်သည့် အသက် ၇၅ နှစ်အရွယ် ဦး​အောင်သိန်းမှာ မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်နယ်မြေ(၄)တွင် နေထိုင်သူ​ဖြစ်ကာ ဦးခေါင်း နောက်စေ့ပေါက်​ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ယာဥ်တိုက်မှုကြောင့် ရေသန့်ပို့သည့်မော်တော်ယာဥ်ကို မောင်းနှင်သော အသက် ၅၀ အရွယ် ဦးသက်ခိုင်အေးကိုအမှတ်(၂)နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *