October 4, 2024

၂.၁၀.၂၀၂၄
Written By Thandar

သရုပ်ဆောင် ပွင့်နဒီမောင် ဦးဆောင်မှုနဲ့အတူ “မေတ္တာအသင်္ချေအဖွဲ့သား”တွေက ကလောဒေသ ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အောက်တိုဘာ ၁ ရက်နေ့ က ကိုယ်တိုင်သွားရောက် အားပေးစကားပြောပြီး လှူဒါန်းခဲ့ပါတယ်။

“မိုးပြည့်ကတော့ ခုလိုရေဘေးနဲ့ ပတ်သက်ရင် ကိုယ့် မိသားစုဖြစ်သလိုပဲ ခံစားရပါတယ်။ ကိုယ့်အတွက် ထမင်းရှင်တွေလေ။ တကယ်တော့ မိုးပြည့်တို့ သီချင်းသွားဆိုခဲ့တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိုးပြည့်တို့ နိုင်တဲ့ဘက်က အလှူတွေခံတယ်။ မိုးပြည့် ဆက်တိုက်ဆိုသလို ရေဘေးအတွက် တစ်တပ်တအားလည်း ပါဝင်ဖြစ်ပါတယ်။ ဒါကြောင့် ပိုးအိ@ပွင့်နဒီမောင် တို့နဲ့အတူ အလှူတွေခံတယ်။ ကိုယ်တိုင်အပင်ပန်းခံ ပစ္စည်းထည့်ပြီး သွားလှူဖြစ်တယ်။ မိုးပြည့် နိုင်တဲ့ဘက်ကတော့ ထောင့်စုံအောင် ကြိုးစားလှူဖြစ်ပါတယ်။ တကယ်လည်း လှူရလို့ ပီတိဖြစ်ရပါတယ်” လို့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က ပြောပါတယ်။

အဆိုပါ အဖွဲ့သားတွေမှာ အနုပညာရှင်တွေဖြစ်တဲ့ စစ်နိုင်၊ နော်မာန်၊ ကြည်ဝင်း၊ ပေါက်စီ၊ ဆက်ထူးသစ်၊ မေသန်းနု၊ ပွင့်နဒီမောင်၊ မိုးပြည့်ပြည့်မောင်၊ မေလန်း စတဲ့သူတွေပါဝင်ပြီး ကိုယ်တိုင် သွားရောက်လှူဒါန်းကာအားပေးစကား ပြောခဲ့ကြပါတယ်။

မေတ္တာအသင်္ချေ ပရဟိတ အဖွဲ့က အလှူငွေသီးသန့်အနေနဲ့ ကျပ်သိန်း ၁၇၀၊ ဆန် ၂၅ ပြည်အိတ် ၁၀၀၊ (စောင်၊ ခေါင်းအုံး၊ ခြင်ထောင်) အစုံ ၅၀ ၊ အိမ်ထောင်စု ၃၀ စာအတွက် ဆန်၊ ဆီ၊ ဆား အပါအဝင် စားသောက်ကုန် ၁၁ မျိုး၊ ကျောင်းသုံး လွယ်အိတ် ၃၇၀ ကျော် ၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ပေတံ၊ ဇစ်အိတ်၊ ခြုံစောင် အထည် ၁၂၀၀၊ ရေသန့် ခြောက်လုံး အကြီးကတ် ၂၀၀ တို့အပါအဝင် စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း၆၀ ဖိုး အ ပြင် မခိုင်နှင်းဝေ ဖောင်ဒေးရှင်းကလည်း ခြုံစောင် အထည် ၂၀၀၊ ကျားဝတ် ရှပ်အင်္ကျီအသစ် အထည် ၂၀၀၊ အမျိုးသမီးဝတ် စကတ် ၄ထုပ်၊ ကလေးအင်္ကျီ အထည်သစ် ၃ ဖာ ၊ ရွှေလင်းယုန် မုန့်ကြွပ်၊ ဒင်းဝမ်းကွတ်ကီး ၊ ရှယ်စား ငပိထောင်းတွေကိုလည်း ပါဝင်အားဖြည့် လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *