October 4, 2024

၂ . ၁၀ .၂၀၂၄
Written by MMAK

◾ ဂျီရိုနာ Vs ဖီယင်နု

ဂျီရိုနာအသင်းရော ဖီယင်နုအသင်းရော ပထမပွဲမှာ ရှုံးနိမ့်ထားတဲ့အတွက် ဒီပွဲက အနိုင်အရှုံး အဖြေပေါ်အောင် ကစားမဲ့ပွဲ ဖြစ်ပါတယ် ။ အိမ်ရှင်ဂျီရိုနာအသင်းက နောက်ဆုံးငါးပွဲဆက် နိုင်ပွဲပျောက်နေပြီး ရလဒ်တွေ ဆိုးရွားနေပေမဲ့ ဒီပွဲမှာ ဘော်ဒီကြေး ပြားကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ် ။ နယ်သာလန်ကလပ် ဖီယင်နုအသင်းက ဥရောပ ပွဲစဥ်တွေမှာ အတွေ့အကြုံ အနည်းငယ်ရှိထားပေမဲ့ ဂျီရိုနာအသင်းက ဥရောပအတွေ့အကြုံ မရှိပါဘူး ။ လိဂ်အဆင့်အတန်းချင်းကွာပြီး အိမ်ရှင်အသင်း ဖြစ်လို့ သရေအရှုံးလောက်ထိ ပေးထားတယ်ဆိုပေမဲ့ ဂျီရိုနာအသင်း ခြေစွမ်းအကျဘက် ရောက်နေပါတယ် ။ ဒီပေါက်ကြေးကို ပြင်းတယ်လို့ ခံယူထားပြီး အိမ်ရှင်ဂျီရိုနာအသင်း နိုင်သွားလို့ရတဲ့ ပေါက်ကြေး ဖြစ်ပါတယ် ။ တစ်ဖက်က ဖီယင်နုအသင်းကလည်း ပထမပွဲရှုံးထားတဲ့အတွက် အမှတ်လိုအပ်ချက် ရှိနေတာနဲ့ တိုက်စစ်အသားပေး ကစားဟန်ကြောင့် ဂိုးရသွားနိုင်ပါတယ် ။ အမှတ်လိုအပ်ချက် ရှိနေသလို တိုက်စစ်အားသန်အသင်းတွေ ဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ် ။ အိမ်ရှင်ဂျီရိုနာအသင်း ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့အတွက် အိမ်ကွင်းနိုင်ပွဲ ပြန်ရသွားနိုင်တာကြောင့် ဂျီရိုနာအသင်း ဘော်ဒီနဲ့ ဂိုးပေါ် နှစ်မျိုးလုံး ရွေးချယ်ပေးချင်ပါတယ် ။ နှစ်ခုလုံးမရှုံးနိုင်ဘဲ ဂျီရိုနာအသင်း ဂိုးသွင်းသေချာရင် နှစ်ခုလုံး နိုင်မဲ့ပွဲပါ ။

◾ ရှက်တာဒိုးနတ် Vs အတ္တလန်တာ

ယူကရိန်းမြေမှာ နိုင်ငံရေးပြဿနာတွေ ရှိနေတာကြောင့် ဒီပွဲကို အိမ်ရှင်ရှက်တာဒိုးနတ်အသင်း အိမ်ကွင်းမှာ ကစားမှာ မဟုတ်ဘဲ ဂျာမနီနိုင်ငံမှာ ကစားမှာ ဖြစ်ပါတယ် ။ ပထမပွဲစဥ်တွေမှာ နှစ်သင်းလုံး ဂိုးမရှိသရေ ကျထားပြီး တစ်မှတ်စီရထားပါတယ် ။ ဒီပွဲမှာ အဝေးကွင်းအတ္တလန်တာအသင်းက တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ် ။ အတ္တလန်တာအသင်း ခြေစွမ်းအကျဘက်ရောက်နေတာကြောင့် ရလဒ်တွေ သိပ်မကောင်းပါဘူး ။ ယူကရိန်းမြေမှာ ကစားရမှာ မဟုတ်ပေမဲ့ ရှက်တာဒိုးနတ်အသင်းက ဥရောပအတွေ့အကြုံရင့်တဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် အတ္တလန်တာအသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးထပ်မပိုဘူးလို့ ယူဆပါတယ် ။ ပြားသုံးဆယ်ရင်းပြီး ရှက်တာဒိုးနတ်အသင်း ဘော်ဒီကိုပဲ ရွေးချယ်သင့်တဲ့ပွဲပါ ။ ပေါက်ကြေးနဲ့ လက်ရှိခြေစွမ်းအရ သရေကျသွားနိုင်တယ်ပွဲလို့ ယူဆတာကြောင့် အောက်ကြေးဖြစ်တဲ့ ရှက်တာဒိုးနတ်အသင်းကို ရွေးချယ်ပေးချင်ပါတယ် ။

◾ အက်စတွန်ဗီလာ Vs ဘိုင်ယန်မြူးနစ်

ပထမပွဲစဥ်တွေမှာ နှစ်သင်းလုံး ဂိုးပြတ်အနိုင်ရထားကြပြီး သုံးမှတ်စီရထားပါတယ် ။ အက်စတွန်ဗီလာအသင်းက နောက်ဆုံးခြောက်ပွဲဆက် ရလဒ်ကောင်းနေပြီး အသင်းရဲ့ တိုက်စစ်က တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးသွင်းထားနိုင်ပါတယ် ။ ဘိုင်ယန်မြူးနစ်အသင်းကတော့ ဂျာမာန်ဘီလူးကြီးလို့ တင်စားထားတဲ့ ဥရောပအတွေ့အကြုံရင့်တဲ့ အသင်းကြီး တစ်သင်းဖြစ်သလို တိုက်စစ်အသားပေး အသင်းတစ်သင်း ဖြစ်ပါတယ် ။ ဒီပွဲမှာ ဘိုင်ယန်အသင်းက ဘော်ဒီကြေး တစ်လုံး လေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ငါးဆယ်အရှုံး ဖြစ်ပါတယ် ။ ဘိုင်ယန်အသင်းရဲ့ ဘော်ဒီကြေး ပျော့နေသလို ဖြစ်နေပေမဲ့ ဂိုးပေါင်းကြေးကတော့ အနည်းငယ်မြင့်ပါတယ် ။ တိုက်စစ်ချင်းယှဥ်မယ်ဆိုရင် ဟာရီကိန်း ၊ မူဆီရယ်လာ ၊ ဂနာဘရီတို့ ဦးဆောင်လာမဲ့ ဘိုင်ယန်တိုက်စစ် ကစားသမားတွေက အရည်အသွေးပိုမြင့်သလို ဂိုးသွင်းသေချာတဲ့သူတွေ ဖြစ်တဲ့အတွက် ဘိုင်ယန်အသင်းက ဂိုးရနိုင်ချေပိုများပါတယ် ။ ဗီလာအသင်း ကြေးအောင်တာ များလွန်းနေသလို ဘိုင်ယန်မြူးနစ်လို အသင်းကြီးနဲ့ တွေ့တဲ့အချိန်မှာ ကြေးကျသွားနိုင်တယ်လို့ ထင်ပါတယ် ။ တစ်လုံးလေးဆယ်စားပေးထားတဲ့ ဘိုင်ယန်အသင်းကို ကြေးချထားပြီး ထိုးသားတွေကို မနေရဲအောင် ကန်ထုတ်နေတယ်လို့ ယူဆတာကြောင့် ဘိုင်ယန်မြူးနစ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။

◾လီဗာပူး Vs ဘိုလော့ဂ်နာ

လီဗာပူးအသင်းက ပထမပွဲမှာ အေစီမီလန်အသင်းကို ဂိုးပြတ်အနိုင်ရပြီး သုံးမှတ်ရထားပေမဲ့ ဘိုလော့ဂ်နာအသင်းက သရေတစ်မှတ်ရထားပါတယ် ။ စီရီးအေကလပ် ဘိုလော့ဂ်နာအသင်းက ဥရောပအတွေ့အကြုံ တော်တော်လေးအားနည်းတဲ့ အသင်းဖြစ်ပြီး အန်းဖီးလ်ကွင်းမှာ ရလဒ်ကောင်းဖို့ မလွယ်ပါဘူး ။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေးနှစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ဖြစ်ပါတယ်။ ဘော်ဒီကြေးအရမ်းပြင်းနေပေမဲ့ ဂိုးပေါင်းကြေး တအားပျော့နေတာကြောင့် အဝေးကွင်း ဘိုလော့ဂ်နာအသင်း ဂိုးရဖို့ မလွယ်ပါဘူး ။ လီဗာပူးအသင်းရဲ့ ဘော်ဒီကြေး အရမ်းပြင်းနေသလို အိမ်ကွင်းပွဲမှာ သေချာပေါက် အနိုင်သုံးမှတ်ရအောင် ကစားလာမှာ ဖြစ်တဲ့အတွက် လီဗာပူးအသင်းကိုပဲ ရွေးချယ်ရမှာပါ ။ လီဗာပူးအသင်းရဲ့ အိမ်ကွင်းတိုက်စစ်က ဂိုးရဖို့အတွက် ယုံကြည်လို့ရတဲ့အသင်းမျိုး ဖြစ်တာကြောင့် အန်းဖီးလ်ကွင်းမှာတော့ လီဗာပူးအသင်းကိုပဲ ကြိုက်ပါတယ် ။

◾ လိုင်လီ Vs ရီးရဲမက်ဒရစ်

ပြင်သစ်ကလပ် လိုင်လီအသင်းက ပထမပွဲရှုံးထားပြီး အမှတ်မရသေးပေမဲ့ ရီးရဲအသင်းက သုံးမှတ်ရထားပါတယ် ။ လိုင်လီအသင်းမှာ ဒဏ်ရာရပွဲပယ်ကစားသမားတွေများနေသလို ချန်ပီယံလိဂ်ဘုရင်ကြီး ရီးရဲအသင်းအတွက် ပြိုင်ဘက်ကောင်းမဟုတ်သေးပါဘူး ။ လက်ရှိချန်ပီယံ ရီးရဲအသင်းက ချန်ပီယံလိဂ်ပွဲဆိုရင် အမှန်အကန်ကြိတ်သလို လပ်ကီးကောင်းတဲ့အသင်းမျိုးလည်း ဖြစ်ပါတယ် ။ ဒီပွဲမှာ ရီးရဲအသင်းက တစ်လုံးတစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ဖြစ်ပါတယ် ။ အမ်ဘာပေ နဲ့ ကွင်းလယ်ကစားသမား ကာမာဗင်ဂါပြန်ပါလာနိုင်တာကြောင့် ရီးရဲအသင်းရဲ့ ကွင်းလယ်က ပိုကောင်းလာနိုင်သလို လိုင်လီကွင်းမှာ ဖြစ်ပေမဲ့ ရီးရဲအသင်း အနိမ့်ဆုံးတစ်ဂိုးလောက်နဲ့ နိုင်သွားမယ် ထင်ပါတယ် ။ လိုင်လီအသင်းက အိမ်ကွင်းအားသာချက် တစ်ခုသာရှိပြီး ကျန်တဲ့အရာတွေမှာ ရီးရဲအသင်းက အကုန်သာပါတယ် ။ တစ်လုံးသွင်းရင် ပြားတစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးက ပျော့တယ်ထင်ရပေမဲ့ ရီးရဲအသင်းက အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ နိုင်သွားနိုင်တာကြောင့် ရီးရဲဘော်ဒီကိုဘဲ ရွေးချယ်ပေးချင်ပါတယ် ။

◾ဘင်ဖီကာ Vs အသလက်တီကို

နှစ်သင်းလုံး ပထမပွဲတွေမှာ အနိုင်ရထားပြီး သုံးမှတ်စီရထားပါတယ် ။ ဘင်ဖီကာအသင်းက ဥရောပအတွေ့အကြုံရင့် အသင်းတစ်သင်းဖြစ်သလို အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် တီကိုအသင်းအနေနဲ့ လေးလေးနက်နက်ထားပြီး ယှဥ်ပြိုင်ကစားမှာပါ ။ ဒီပွဲမှာ ဘော်ဒီကြေးဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ် ။ တီကိုအသင်းရဲ့ ခံစစ်က ဘင်ဖီကာအသင်း ဂိုးအများကြီးသွင်းနိုင်မယ်မထင်သလို ခံစစ်အားပြုကစားလာမဲ့ တီကိုအသင်းကလည်း ဂိုးအများကြီးသွင်းဖို့ထက် ဂိုးမပေးရရေး အာရုံစိုက်ကစားပြီး အမှားစောင့်ကစားဖို့များပါတယ် ။ ပထမပွဲတွေမှာ သုံးမှတ်စီရထားတာကြောင့် ဒီပွဲက သရေတစ်မှတ်စီရရင်တောင် နှစ်သင်းလုံးအတွက် မျှတပါတယ် ။ ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးကလည်း ဂိုးပေါ်ခေါ်နေသလို ခံစားရတာကြောင့် ဂိုးအောက်ကြိုက်ပါတယ် ။ အများဆုံးနှစ်ဂိုးလောက်သာ မြင်တွေ့ရနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းပဲ ရွေးချယ်ပေးချင်ပြီး ဒီညရဲ့ စိတ်ကြုက်အဖြစ်ဆုံး ရွေးချယ်မှု ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *