October 4, 2024

၂.၁၀.၂၀၂၄
Written By Thandar

Mahar Original Series ဖြစ်တဲ့ အချစ်ဇာတ်လမ်းပုံစံ “အမုန်းမြစ်ကမ်းပါး” ဇာတ်လမ်းတွဲသစ် Press Conference Show ပွဲကို ယနေ့ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကန်သာယာ Shopping Mall ရှိ Ragoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

“အဂ္ဂထင်ကျော်ဆိုတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ ကာရိုက်တာနဲ့ပါဝင်ထားပါတယ်။ ကျွန်တော်က ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တဲ့ ကာရိုက်တာတွေထဲမှာ နည်းနည်းရှားတဲ့ အချစ်ကားလေးဖြစ်တဲ့အတွက်ကြောင့် အချစ်ကားကြိုက်တဲ့ ပရိသတ်တွေသဘောကျမှာပါ။ Romance ကြိုက်တဲ့ ပရိသတ်တွေအနေနဲ့ မြင်တွေ့ရမယ့်ဇာတ်လေးပါ”လို့ သရုပ်ဆောင် အောင်ရဲလင်းက ပြောပါတယ်။

ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒီဇာတ်လမ်းတွဲကို ဝတ္ထု ရှား၊ ဇာတ်ညွှန်း ငွေစင်သွန်း၊ သင်းနံ့သာ၊ ဟန်ဆက်နဲ့ မုဒြာတို့ ရေးသားပြီးတော့ ဒါရိုက်တာ သားညီက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ တိုင်ရွန်၊ မိုးဟေကို၊ ဆောင်းဝတ်ရည်မေ၊ ဦးထူးသာ၊ ရဲမွန်၊ ထူးမွန်၊ တင်ဇာဝင်းပြည့်၊ ယွန်းရွှေရည်နဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။

“ကျွန်တော့်အနေနဲ့ ရက်ပေါင်း ၄၀ ကျော် ၂ လနီးပါး အနုပညာမောင်နှမ မိုးတွင်းကာလကြီးမှာ ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းဆရာမတစ်ယောက်က ကောင်လေးတစ်ယောက်နဲ့ ချစ်မိသွားတဲ့ အမူအယာလေးတွေ ပါပါတယ်။ အရမ်းကြည့်လို့ကောင်းမယ် ကားလေးပါ။ ရိုမန့်လေးဆိုတော့လေ။ လောင်ရမှာ မဟုတ်ပေမယ့် နည်းနည်း ခံစားချက်ပေါက်ကွဲတာလေးတွေတော့ ပါပါတယ်။အမုန်းမြစ်ကမ်းပါးက ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုအားပေးကြဦးလို့ပြောချင်ပါတယ်”လို့ ဒါရိုက်တာသားညီကပြောပါတယ်။

အပိုင်း(၂၀)ပါဝင်တဲ့ “အမုန်းမြစ်ကမ်းပါး”ဇာတ်လမ်းတွဲသစ်ကြီးကို စက်တင်ဘာ ၃၀ ရက်က စတင်ပြီး အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေ ည ၇ နာရီတိုင်း Mahar Application က ထုတ်လွှင့်ပြသနေပြီးဖြစ်ပါတယ်။

အောင်ရဲလင်း #မိုးဟေကို #TyronBejay #AungYeLin

မိုးဟေကို #MoeHayKo

hsaungwutyeemay #အမုန်းမြစ်ကမ်းပါး

maharapplication

myanmarseries

Leave a Reply

Your email address will not be published. Required fields are marked *