October 4, 2024

၂. ၁၀. ၂၀၂၄
Written by Nay Moe

လက်ရှိ နစကအစိုးရလက်ထက် လေးနှစ်သက်တမ်းအတွင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ငွေကြေးခဝါချမှု ၄၃ မှု တရားစွဲတင်ပို့ခဲ့ပြီး ကျပ်သန်း ၆၅၀၀၀ ခန့်နဲ့ ဒေါ်လာငါးသိန်းကျော်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စုံစမ်းစစ်ဆေးခဲ့တဲ့အမှုတွေက ပြည်သူ့ဘဏ္ဍာငွေများစွာရရှိခဲ့ရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂ဝ၂၁ ခုနှစ်ကနေ ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်အထိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ၄၃ မှု တရားစွဲတင်ပို့နိုင်ခဲ့ပြီး သက်ဆိုင်ရာတရားရုံးတွေက လူပုဂ္ဂိုလ် ၁၂ဝ ဦးကို ပြစ်ဒဏ်များစွာ ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာကျပ်ငွေ ၆၄,၂၇၉ ဒသမ ၁၇၅ သန်း၊ အမေရိကန်ဒေါ်လာ ၅၃၆,၇၅၃ ဒသမ ၃၂ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို တာဝန်ပေးအပ်ခဲ့တဲ့အမှု ၁၁၉ မှုကလည်း မြန်မာကျပ်ငွေ ၁၂၅,၆၉၈ ဒသမ ၇၇ သန်း၊ အမေရိကန်ဒေါ်လာ ၁၂၇၈ ဒသမ ၀၂ – ဒေါ်လာ၊ ထိုင်းဘတ် ၄၁၈,၃၂ဝ အပါအဝင် နိုင်ငံခြားငွေတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *