October 4, 2024

၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

စက်တင်ဘာလအတွင်းက တိုင်ဖွန်းရာဂီတိုက်ခတ်မှုကြောင့် ရေကြီးမှုများနှင့်မြေပြိုမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့ရကာ ထိခိုက်သေဆုံးမှုများစွာဖြစ်ပေါ်ခဲ့သည့် အရှေ့တောင်အာရှ သုံးနိုင်ငံဖြစ်သော ဗီယက်နမ်၊ ထိုင်းလင်းနှင့် မြန်မာနိုင်ငံတို့ကို တရုတ်တိုင်ဝမ်အစိုးရက ပြန်လည်ထူထောင်ရေးအတွက် တစ်နိုင်ငံလျှင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ စီလှူဒါန်းသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၇ ရက်က ကျင်းပခဲ့တဲ့ အကြိမ် ၃၀ မြောက် တိုင်ဝမ် ကမ္ဘာ့ကုန်သည်ကြီးများ နှစ်ပတ်လည်ညီလာခံနဲ့ ဒါရိုက်တာနှင့်ကြီးကြပ်ရေးမှူးများ၏တတိယမြောက်ပူးတွဲအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်လာတဲ့ တရုတ်တိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး Lin Chia-lung က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အရှေ့တောင်အာရှသုံးနိုင်ငံမှာ တရုတ်တိုင်ဝမ်၏ အိမ်နီးချင်းများဖြစ်ပြီး၊ မုန်တိုင်းဘေးဒဏ်ခံခဲ့ရတဲ့ ထိုနိုင်ငံတွေအတွက် တရုတ်တိုင်ဝမ်ပြည်သူတွေနဲ့ အစိုးရက ထပ်တူ ထပ်မျှခံစားရပါတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် နိုင်ငံခြားရေးဝန်ကြီး Lin Chia-lung က သဘာဝဘေးအပြီးမှာ တရုတ်တိုင်ဝမ်ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ထိုနိုင်ငံတွေအတွက် ပံ့ပိုးမှုတွေပြုခဲ့ကြပြီး တရုတ်တိုင်ဝမ်ပြည်သူတို့ရဲ့ မေတ္တာထားမှုနဲ့ ခံနိုင်ရည်ရှိမှုစိတ်ဓာတ်တို့ကိုပြခဲ့ကြတယ်လို့လည်း ဆိုခဲ့ပါတယ်။ ဝန်ကြီးက ဒီအတွက် တိုင်ဖွန်းရာဂီဒဏ်ခံခဲ့ရတဲ့ ဗီယက်နမ်၊ ထိုင်းလင်းနှင့် မြန်မာနိုင်ငံတို့ကို ကယ်ဆယ်ရေးအတွက် တစ်နိုင်ငံလျှင် အမေရိကန်ဒေါ်လာ တစ်သိန်းကျစီ လှူဒါန်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဝန်ကြီးက ဒီသုံးနိုင်ငံအတွင်းရှိနေတဲ့ တရုတ်တိုင်ဝမ် ကုမ္ပဏီတွေအနေနဲ့ မကြာခင် ထုတ်လုပ်မှုလုပ်ငန်းတွေပြန်စကာ ဒေသစီးပွားရေးကို အထောက်အကူပြုပြီး တရုတ်တိုင်ဝမ်နဲ့ ထိုအရှေ့တောင်အာရှနိုင်ငံတွေရဲ့ အစိုးရနဲ့ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုပါ ပိုလို့ခိုင်မာစေမယ်လို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

Ref- en.mofa.gov.tw

Leave a Reply

Your email address will not be published. Required fields are marked *