October 4, 2024

၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

လက်ရှိတည်ဆောက်နေသည့် ၅၀၀ ကေဗွီဓာတ်အားလိုင်းခွဲများ ရာနှုန်းပြည့်ပြီးစီးမည့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်နေသည့် လျှပ်စစ် ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ယမန်နေ့တွင် ပဲခူးမြို့နယ်အတွင်း အကောင်အထည် ဖော်နေသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း လုပ်ငန်းတိုးတက်မှုအခြေအနေအား သွားရောက်စစ်ဆေးမှုမှ သိရသည်။

လက်ရှိတွင် ၅၀၀ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက်ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၇ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားကို ပိုမိုတိုးချဲ့စုဖွဲ့၍ ဟန်ချက်ညီပြီးစီးနိုင်ရေး အင်တိုက်အားတိုက်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများရေးဆွဲထားပြီး ၎င်းအချိန် ဇယားများအတိုင်း ပြီးစီးနိုင်ရေးအဆင့်ဆင့်ကြပ်မတ်၍ အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *