October 4, 2024

၁.၁၀.၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဇေယျာခင်ဦး(၂၁) ရပ်ကွက်၊ နတ်သျှင်နောင်လမ်းတွင် အောက်တိုဘာလ ၁ ရက် ညနေ ၄ နာရီခန့်က နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နေအိမ်မီးလောင်မှုမှာ ဆိုလာမီးတပ်ဆင်ထားရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားရသည်ဟု သိရပြီး နေအိမ်တွင် နေထိုင်သော လေဖြတ်ဝေဒနာခံစားနေရသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားမှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

“မီးထဲပါသွားတဲ့သူက အဲ့ဒီအိမ်ရဲ့ အငယ်ဆုံးသား။ ပတ္တမြားလေးလို့ခေါ်ကြတယ်။ လေဖြတ်ထားတော့ မထနိုင်ရင်း မီးထဲပါသွားတာ”ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

မိနစ်၂၀ခန့်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့မှုကို တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၇ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသည်။

“ဆိုလာပေါက်ကွဲတာ ဆိုတာ မရှိဘူး။ တပ်ဆင်တဲ့ သူတွေ ပြီးစလွယ် လုပ်ခဲ့လို့ ဝါယာတွေ Lose ဖြစ်ပြီး Breaker တွေ ထလောင်တတ်တယ်။ Battery ပါ လောင်ရင် မနိုင်တော့ဘူး “ဟု တောင်ငူမြို့ဒေသခံတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *