October 4, 2024

၁.၁၀.၂၀၂၄
Written By Thandar

သုံးပွင့်ဆိုင်အချစ်ရေးဒရာမာဇာတ်လမ်းပုံစံ “နှောင်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို ယနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားမှာ လိုတာထက်ပိုတဲ့ စိတ်ခံစားမှုတွေရှိကြတဲ့အခါကြတော့လေ ပရိသတ်အဲလိုမျိုးပေါ့။ ညှိနှိုင်းယူရမယ့်အရာလေးကို လိုအပ်တာထက်ပိုပြီး Social ကျချင်တာတို့ လိုအပ်တာထက်ပို အခွင့်အရေးလိုချင်တာတို့ တစ်ဖက်ကလည်း လိုအပ်တာထက်ပိုပြီး ရိုးလွန်းအလွန်းတာ အပေါ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်ကြောင့်ဖြစ်ပေါ်လာတဲ့ စကားလုံးတွေကတော့ ပုံမှန်ပြောနေကြစကားတွေထက် နည်းနည်းကျွံလွန်းနေတာပေါ့။ အဲ့‌ဒါကြောင့် အရက်နဲ့လူနဲ့ မြည်းမလို့ စကားလုံးတွေဖြစ်လာတာပါ” လို့ အကယ်ဒမီ နေတိုးက ပြောပါတယ်။

ရွှေနဒီရွှေရည် ထုတ်လုပ်ရေးရဲ့ နှောင်ကို ဇာတ်လမ်း ရွှေဒုံးဘီအောင်၊ ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ အကယ်ဒမီဩရသက သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး ၊ ဖြိုးငွေစိုး ၊ တင်မောင်ဆန်းမင်းဝင်း ၊ သူရိယ ၊ ပိုးမမှီသာ၊ နော်ဖောအယ်ထားတို့နဲ့ ပုံဖော်ထားပါတယ်။

ဒီဇာတ်ကားက ၁၉၅၇ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ‘ဒေါက်တာအောင်ကျော်ဦး’ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲစွဲခဲ့တဲ့နေရာကို အကယ်ဒမီ နေတိုးက ‘နှောင်’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်နဲ့ ပြန်လည်ပုံဖော်ထားတာပါ။

“နော်ဖောက ဒီကားမှာ သစ်သစ်မေကာရိုက်တာနဲ့ သရုပ်ဆောင်ထားတာပါတယ်။ ဒရာမာကိုမှ ဟဲဗီး ဒရာမာဇာတ်ဆိုတော့ နောဖောအနေနဲ့ ပရိသတ် ဘယ် းလို ဆုံးဖြတ်ချက်ပေးမလဲဆိုတာ အရမ်းကိုရင်ခုန်ပါတယ်။ကိုနေတိုးနဲ့ နော်ဖောတို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း။ စိတ်လည်း လှုပ်ရှားရပါတယ်” လို့ ‌သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပါတယ်။

“နှောင်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာ ၄ ရက်မှာ တစ်နိုင်ငံလုံးက အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ စတင်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *