October 4, 2024

၁.၁၀.၂၀၂၄
Written by Hey Mar

YBS ၉၄ ယာဉ်လိုင်းပေါ် ကလေးငယ်တစ်ဦး မိဘအုပ်ထိန်းသူ မပါဘဲ ကျန်ရှိနေခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့ ည ၉ နာရီ ဂိတ်သိမ်းချိန်မှာ တွေ့ရှိရကြောင်း လူထုမိတ်ဆွေ ယာဉ်လိုင်းမှ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

ကျန်ရှိနေတဲ့ ကလေးငယ်မှာအသက် လေးငါးနှစ်ဝန်းကျင်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်ပြီး ရန်ကုန်ဘူတာကြီးကနေ ခရီးစဉ်ပြီးဆုံးတဲ့ လှော်ကားတာဆုံ ကွန်ပျူတာတက္ကသိုလ် ဂိတ်အရောက်မှာ အဆိုပါယာဉ်ကို မောင်းနှင်သူ ယာဉ်မောင်း ဦးစောအယ်စောဆေးက ကလေးငယ်တစ်ဦး အုပ်ထိန်းသူမပါဘဲ ယာဉ်ပေါ်ကျန်ရှိနေတာကို တွေ့ရှိလို့ တာဝန်ရှိဂိတ်အဖွဲ့ဆီ အကြောင်းကြားလာတာလို့ သိရပါတယ်။

တာဝန်ရှိဂိတ်အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သတင်းပို့ပြီး မိဘ/အုပ်ထိန်းသူထံ အပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကာ ကလေးမှာ မိဘအမည်၊ နေရပ် မေးမြန်းလို့ မရ၊ မသိရှိတာကြောင့် ဝိုင်းဝန်းကူညီ ဆက်သွယ်ပေးနိုင်ဖို့လည်း အကူအညီတောင်းခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *