October 4, 2024

၁. ၁၀.၂၀၂၄
Written by Tha Doe

အွန်လိုင်းထီကို 5 Digit ဖြင့် တစ်လ ၂ ကြိမ်ဖွင့်လှစ်မည့်အပြင် Jackpot ထီစနစ်ဖြင့်ပါ အောက်တိုဘာ ၁၅ ရက်မှ စတင်ကံစမ်းနိုင်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနမှ သိရသည်။

၂၀၂၃ ခုနှစ် ဇွန်လက စတင်ရောင်းချခဲ့သော အွန်လိုင်းထီကို အက္ခရာတစ်လုံး၊ ဂဏန်း ၆ လုံး၊ ထီတ​စ်စောင် ကျပ် ၁၀၀၀၊ အမြင့်ဆုံးဆု ကျပ် သိန်း ၅၀၀ ဖြင့်သာ တစ်လတစ်ကြိမ် ဖွင့်လှစ်ပေးနေရာမှ မြန်မာနိုင်ငံ၏ ပထမဦးဆုံးအသွင်ပြင်သစ်နှင့် အွန်လိုင်းထီအသစ် 5 Digits အောင်ဘာလေအွန်လိုင်းထီအဖြစ် တစ်လ ၂ ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

5 Digit အောင်ဘာလေအွန်လိုင်းထီသည် အက္ခရာ (၁) လုံးနှင့် ဂဏန်း (၅) လုံးထီအား ကံစမ်းရမည့် ထီအမျိုးအစားဖြစ်ပြီး ထီဖွင့်ပွဲအား လတစ်လ၏ (၂)ရက်နေ့နှင့် (၁၆)ရက်နေ့တွင် ပြုလုပ်‌ပေးသွားမည်ဖြစ်ကာ (၂)ပတ်လျှင် (၁)ကြိမ် ထီဖွင့်လှစ်ပေးမည်ဖြစ်သည်။ ထို့ပြင် Jackpot ထီဆုကြီးပါဝင်လာမည်ဖြစ်ပြီး Jackpot ထီဆိုသည်မှာ 5 Digits အောင်ဘာအွန်လိုင်းထီ၏ အမြင့်ဆုံးထီဆုအတွက် ထီနံပါတ်ကို ကံထူးရှင်ထွက်ပေါ်လာသည်ဖြစ်စေ မထွက်ပေါ်လာသည်ဖြစ်စေ (၃)ကြိမ်အများဆုံးဖွင့်လှစ်မည်ဖြစ်သည်။

အကယ်၍ (၃)ကြိမ်ဖွင့်လှစ်ပြီးနောက် ကံထူးရှင်မထွက်ပေါ်လာပါက အဆိုပါ ထီဆုကြေးငွေအား နောက်တစ်ကြိမ် ထီဖွင့်ပွဲတွင် ပေါင်းထည့်ပေးမည်ဖြစ်၍ ထီဆုငွေ ဆတိုး တက်သွားမည့် အခွင့်အရေးနဲ့ ကံစမ်းရမည်ဖြစ်သည့်အပြင် အဆိုပါကံစမ်းမှုမျိုးကို (၆)ကြိမ်အထိပြုလုပ်သွားမည်ဖြစ်၍ အမြင့်ဆုံး (၆)ဆအထိ တိုးနိုင်မည့် Jackpot ထီဆုကြီး ဖြစ်လာမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို မကြာမီ ကြေညာမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *