October 4, 2024

၁ .၁၀ .၂၀၂၄
Written by MMAK

◾ဆဲလ်ဘတ် Vs ဘရက်

ဆဲလ်ဘတ်အသင်းက ပထမပွဲမှာ ရှုံးနိမ့်ထားတဲ့အတွက် အခုအိမ်ကွင်းပွဲမှာ အမှတ်ပြည့်ယူဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ဘရက်အသင်းက ပထမပွဲမှာ အနိုင်ရထားသလို အခုအဝေးကွင်းပွဲမှာ သရေတစ်မှတ်ရရင်ကို တန်တယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဆဲလ်ဘတ်အသင်းက တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ်။ ဘရက်အသင်းက အဝေးကွင်းခံစစ်ညံ့တဲ့အသင်းဖြစ်တဲ့အတွက် ဆဲလ်ဘတ်အသင်း ဂိုးရနိုင်သလို အနိုင်ရဖို့ အရေးကြီးနေတဲ့အတွက် တစ်ဂိုးလောက်နဲ့ နိုင်သွားနိုင်လို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဂိုးပေါင်းကြေးအရလည်း ခံစစ်ညံ့တဲ့ ဘရက်အသင်း ဂိုးပေးရနိုင်တဲ့ ပေါက်ကြေးဖြစ်နေတာ တွေ့ရပါတယ်။ ဘရက်အသင်းလည်း ဂိုးရနိုင်ချေရှိပေမဲ့ အိမ်ရှင်ဆဲလ်ဘတ်အသင်း တစ်ဂိုးအသာလောက်နဲ့ နိုင်သွားနိုင်လို့ အိမ်ရှင်ဆဲလ်ဘတ်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ စတုဂတ် Vs စပါတာပရဂ်

ပထမပွဲမှာ ရီးရဲအသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ စတုဂတ်အသင်းရဲ့ ခြေစွမ်းမညံ့ခဲ့သလို အိမ်ကွင်းတိုက်စစ် တော်တော်လေးကောင်းတာ တွေ့ရပါတယ်။ ချက်ကလပ် စပါတာပရဂ်အသင်းက ပထမပွဲအနိုင်ရခဲ့သလို ချက်လိဂ်မှာ ခြေစွမ်းပြနေပေမဲ့ လိဂ်အဆင့်အတန်းချင်း ကွာဟနေသလို အဝေးကွင်း ဖြစ်နေတာကြောင့် အရှုံးနဲ့ အိမ်ပြန်ရဖို့ များပါတယ်။ ဒီပွဲမှာ စတုဂတ်အသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံး ဖြစ်ပါတယ်။ အိမ်ကွင်းတိုက်စစ်ကောင်းသလို အနိုင်သုံးမှတ်ရဖို့ သေချာပြင်ဆင်လာမဲ့ စတုဂတ်အသင်း သွင်းဂိုးတွေ သေချာပေါက် ရဖို့ ရှိပါတယ်။ စတုဂတ်အသင်း ဂိုးရသွားရင် စပါတာပရဂ်အသင်းကလည်း တိုက်စစ်ဖွင့်ကစားလာနိုင်တဲ့အတွက် စပါတာပရဂ်အသင်းလည်း ဂိုးရသွားနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တယ်လို့ ယူဆထားတဲ့အတွက် ဂိုးပေါ်တစ်ကြောင်းတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ အာဆင်နယ် Vs PSG

PSG အသင်းက ပထမပွဲမှာ အနိုင်သုံးမှတ် ရထားပေမဲ့ အိမ်ရှင် အာဆင်နယ်အသင်းက သရေတစ်မှတ်သာ ရထားပါတယ်။ PSG အသင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိသလို အသင်းကြီးတစ်သင်း ဖြစ်တယ်ဆိုပေမဲ့ အာဆင်နယ်အသင်းထက် တစ်ဆင့်နိမ့်တဲ့ အသင်းပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အာဆင်နယ်အသင်းက တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ PSG အသင်းကို ပေးတဲ့ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက ပြင်းရှတယ်လို့ ပြောလို့ရပြီး အိမ်ရှင်အာဆင်နယ်အသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားနိုင်တဲ့ ပေါက်ကြေးဖြစ်ပါတယ်။ PSG အသင်းက ပြင်သစ်လိဂ်မှာသာ ဆရာကြီးအသင်းဖြစ်ပေမဲ့ ဥရောပပွဲတွေဆိုရင် ယုံစားလို့မရတဲ့ အသင်းဖြစ်ပါတယ်။ အနိုင်သုံးမှတ်ရဖို့ ဦးတည်ကစားလာမဲ့ အာဆင်နယ်အသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားနိုင်တယ်လို့ ယူဆထားတဲ့အတွက် အိမ်ရှင်အာဆင်နယ်အသင်းကို ကြိုက်ပါတယ်။

◾လေဗာကူဆင် Vs အေစီမီလန်

လေဗာကူဆင်အသင်းက ပထမပွဲနိုင်ထားပေမဲ့ အေစီမီလန်အသင်းကတော့ ရှုံးနိမ့်ထားပါတယ်။ အေစီမီလန်လို ချန်ပီယံလိဂ်သမ္ဘာရင့်အသင်းကို လေဗာကူဆင်အသင်းက တစ်လုံးနှစ်ဆယ်စား ပေးထားတဲ့ ဘော်ဒီကြေးက ပြင်းရှနေပြီး ဂိုးပေါင်းကြေးက သုံးလုံးငါးဆယ်အရှုံးဖြစ်ပါတယ်။ ပထမပွဲရှုံးထားတဲ့ အေစီမီလန်အသင်းက အနိုင်ရဖို့ ကြိုးစားလာမဲ့အပြင် တိုက်စစ်အသားပေးအသင်း ဖြစ်တဲ့အတွက် ဂိုးရနိုင်ပါတယ်။ ဘော်ဒီကြေးခပ်ပြင်းပြင်းပေးထားသလို အိမ်ရှင်လေဗာကူဆင်အသင်းရဲ့ တိုက်စစ်ကလည်း ဂိုးသွင်းနိုင်ပါတယ်။ နှစ်သင်းလုံးက ဂိုးလည်းသွင်းတယ် ဂိုးလည်းပြန်ပေးတယ် ဆိုတဲ့အသင်းတွေ ဖြစ်တဲ့အတွက် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ရှိပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရမှာ ဖြစ်ပြီး အနိမ့်ဆုံးသုံးဂိုးလောက်က အသာအယာ ဖြစ်လာနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။

◾စလိုဗန် Vs မန်စီးတီး

ပထမပွဲမှာ ဆဲတစ်အသင်းကို ငါးဂိုးပြတ်ရှုံးခဲ့တဲ့
စလိုဗက်ကီးယားကလပ် စလိုဗန်အသင်းက အိမ်ဖြည့်အသင်းသာသာပဲ ရှိပါတယ်။ မန်စီးတီးအသင်းက ပထမပွဲမှာ သရေကျထားတာကြောင့် ဒီပွဲက အနိုင်သုံးမှတ် သေချာပေါက်ရမဲ့ပွဲ ဖြစ်ပြီး မန်စီးတီးအသင်းက အနိုင်ရသွားမယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ဘော်ဒီကြေးသုံးလုံးနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးနှစ်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးပြင်းပြင်းမှာ ကြေးအောင်ပါ့မလားဆိုတာ ထည့်တွက်ရမှာပါ။ စလိုဗန်အသင်းတစ်ဂိုးတောင် ရဖို့မလွယ်ဘဲ မန်စီးတီးတစ်သင်းတည်းကပဲ သွင်းဂိုးရမယ် ထင်သလို  အဝေးကွင်းဖြစ်နေပြီး သေချာပေါက်အနိုင်ရနိုင်တာကြောင့် လူငယ်ကစားသမားတွေကို အသုံးပြုလာနိုင်ပါတယ်။ စလိုဗန်အသင်း ဂိုးရမယ်မထင်သလို မန်စီးတီးအသင်းကပဲ သုံးဂိုးလောက် သွင်းပြီး ထိန်းကစားသွားမယ်လို့ ထင်ပါတယ်။ မန်စီးတီးအသင်း ငါးဂိုးလောက်ကြီးသွင်းပြီး စုံပေါ်အောင်သွားအောင် ကန်မယ်လို့ မထင်တာကြောင့် ဂိုးအောက်တစ်ကြောင်းတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾အင်တာမီလန် Vs ဇဗက်ဒါ

အင်တာမီလန်အသင်းက ပထမပွဲမှာ သရေကျထားတာကြောင့် အခုအိမ်ကွင်းပွဲမှာ သေချာပေါက် အနိုင်သုံးမှတ်ရအောင် ကစားလာမှာ ဖြစ်ပါတယ်။ ဇဗက်ဒါအသင်းက ခြေစွမ်းသိပ်မဆိုးသလို ဥရောပအတွေ့အကြုံရှိတဲ့ အသင်းဖြစ်ပေမဲ့ အင်တာမီလန်ကွင်းမှာတော့ ဘာမှလုပ်ပြနိုင်မှာ မဟုတ်ဘဲ ခံစစ်ပိတ်ကစားမယ် ထင်ပါတယ်။ ဒီပွဲမှာ အင်တာမီလန်အသင်းက ဘော်ဒီကြေး နှစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ် အရှုံးဖြစ်ပါတယ်။ ဘော်ဒီကြေးပြင်းရှနေပေမဲ့ ဂိုးပေါင်းကြေး လျော့ကျနေတာကို တွေ့ရပြီး ဇဗက်ဒါအသင်း ဂိုးရဖို့ ခက်မယ်လို့ ယူဆထားပါတယ်။ ဒီရာသီမှာ အင်တာမီလန်အသင်း အနည်းငယ်ခြေကျနေတာကို တွေ့ရပြီး ဇဗက်ဒါအသင်းကလည်း ခံစစ်ပိတ်ကစားလာနိုင်တာကြောင့် ဂိုးတွေအများကြီး မြင်ရဖို့ ခက်ခဲနိုင်ပါတယ်။ ဂိုးပေါင်းကြေး သိသိသာသာ လျော့ကျနေသလို အင်တာမီလန်အသင်းကပဲ ကပ်နိုင်သွားပြီး ဂိုးတွေအများကြီးသွင်းနိုင်မယ် မထင်တာကြောင့် ဂိုးအောက်ကို ကြိုက်ပါတယ်။

◾ဘာစီလိုနာ Vs ယန်းဘွိုင်း

ဘာစီလိုနာအသင်းက ပထမပွဲမှာ မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အခုအိမ်ကွင်းပွဲက သုံးမှတ်အပြည့်ရအောင် အနိုင်ကစားလာမှာ ဖြစ်ပါတယ်။ ယန်းဘွိုင်းအသင်းကလည်း ပထမပွဲမှာ ရှုံးနိမ့်ထားတဲ့အတွက် အမှတ်လိုအပ်ချက် ရှိနေသလို တိုက်စစ်အသားပေး အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဘာစီလိုနာအသင်းက ဘော်ဒီကြေး သုံးလုံးသရေပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးခြောက်ဆယ်အရှုံးဖြစ်ပါတယ်။ ပေါက်ကြေးက အရမ်းပြင်းနေသလို ဘာစီလိုနာအသင်း အနိုင်ရမယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပေမဲ့ ကြေးအောင်ပါ့မလားဆိုတဲ့ အချက်ကို စဥ်းစားသင့်ပါတယ်။ ယန်းဘွိုင်းအသင်းအနေနဲ့  ဘာစီလိုနာအသင်းကို ခံစစ်ပိတ်ကစားလည်း ဂိုးပေးရနိုင်တာကြောင့် တိုက်စစ်အသားပေးအသင်းပီပီ တစ်ဂိုးလောက်ရအောင် ပြန်သွင်းနိုင်တယ်လို့ ထင်ပါတယ်။ ယန်းဘွိုင်းအသင်းသာ တစ်ဂိုးလောက်ရသွားရင် ဘာစီလိုနာအသင်း ကြေးအောင်ဖို့ ငါးဂိုးထိ သွင်းရမှာ ဖြစ်ပါတယ်။ ကပ်နိုင်လို့ ရတဲ့ဘာစီလိုနာအသင်းကြောင့် ယန်းဘွိုင်းအသင်းကို ရွေးချယ်ပေးပါတယ်။

◾ဒေါ့မွန် Vs ဆဲလ်တစ်

ပထမပွဲတွေမှာ နှစ်သင်းလုံး ဂိုးပြတ်အနိုင်ရထားကြပြီး ဘရန်ဒန်ရော်ဂျာ ကိုင်နေတဲ့ ဆဲလ်တစ်အသင်းကို လျှော့ မတွက်သင့်ပါဘူး။ ခြေစမ်းပွဲတွေမှာ ချဲလ်ဆီးအသင်းနဲ့ မန်စီးတီးလို အသင်းတွေကိုတောင် အနိုင်ရထားပြီး တိုက်စစ်က ဂိုးသွင်းအား တအားကောင်းသလို ဆဲလ်တစ်အသင်းရှုံးပွဲမရှိတာ ခုနှစ်လလောက်ထိ ရှိနေပါပြီ။ ဒေါ့မွန်အသင်းကလည်း အိမ်ကွင်းတိုက်စစ်ကောင်းတဲ့အသင်း ဖြစ်တဲ့အတွက် ဂိုးရနိုင်သလို ဆဲလ်တစ်အသင်းလည်း ဂိုးရမယ် ထင်ပါတယ်။ အိမ်ရှင်ဒေါ့မွန်အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ် အရှုံးဖြစ်ပါတယ်။ ထိန်းကစားကြမဲ့အသင်းတွေ မဟုတ်သလို ဂိုးပေါင်းကြေးကလည်း ပြင်းရှတဲ့ အနေအထားမှာ တွေ့ရပါတယ်။ ဒီပွဲက အဖွင့်ဂိုးတစ်ဂိုးသာ လိုအပ်ပြီး တစ်သင်းသင်းဂိုးရတာနဲ့ တိုက်စစ်အပြိုင်ဖွင့်ကစားကြမဲ့ ပွဲဖြစ်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *