October 4, 2024

၁. ၁၀. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ပထုံဌာနီပြည်နယ်၊ ဖါဟုံယိုသင်လမ်းပေါ်တွင် ကားတာယာပေါက်ကွဲရာမှ ကျောင်းသားငယ်လေးများစီးနင်းလိုက်ပါလာသော ကြိုပို့ဘတ်စ်ကားတစ်စီးလုံးမီးလောင်မှုတစ်ရပ် အောက်တိုဘာလ ၁ ရက် မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းထားသောသေဆုံးနေသည့် အလောင်း ၁၀ လောင်းကို တွေ့ရှိခဲ့ရပြီး ဒဏ်ရာရသူများကို ကုသမှုပြုနေကြောင်း ကယ်ဆယ်ရေးသမားများက ပြောခဲ့ကြသည်။

သို့သော် ထပ်မံရရှိသည့်သတင်းများအရ အဆိုပါဖြစ်ရပ်တွင် ကား၌ ကျောင်းသား ၃၈ ဦးနှင့် ဆရာရှစ်ဦးတို့ လိုက်ပါလာကြရာ သေဆုံးသူ ၂၅ ယောက်အထိရှိသွားပြီဖြစ်ပြီး ဒဏ်ရာရရှိသူများမှာလည်း ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

အဆိုပါဘတ်စ်ကားတွင် ဥထိုင်းဌာနီပြည်နယ်အတွင်းရှိ Wat Khao Phaya ကျောင်းမှ ဆရာများနှင့် ကျောင်းသားများလိုက်ပါလာကြခြင်းဖြစ်ပြီး ရှုခင်းများကို လှည့်လည်ကြည့်ရှုခြင်းခရီးစဉ်အဖြစ် အယုဒ္ဓယမြို့သို့ ဦးတည်မောင်နှင်းလာစဉ် ကား၏ ရှေ့ဘီးတာယာများ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထိုဘီးပေါက်ကွဲမှုများကြောင့် ကားမှာမထိန်းနိုင်ဖြစ်ကာ လမ်းဘေးသတ္တုအတားအဆီးတစ်ခုကိုဝင်တိုက်မိခဲ့ရာတွင် စတင်မီးလောင်ကျွမ်း၍ တစ်ကားလုံးကို လွှမ်းခြုံလောင်ကျွမ်းသည်အထိ ဖြစ်ခဲ့ရသည်။

ထိုကားမီးလောင်မှုက မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင်ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးသမားများအနေနှင့်လည်းထို နေရာသို့ တစ်နာရီခန့်အကြာမှရောက်ရှိနိုင်ခဲ့ရာ အချိန်မီကယ်ဆယ်မှုများ မပြုနိုင်ခဲ့ကြဟု သိရသည်။

Ref-Nation Thailand, Thai PBS

Leave a Reply

Your email address will not be published. Required fields are marked *