October 4, 2024

၁. ၁၀. ၂၀၂၄
Written by Nay Moe

နစကအစိုးရက ဖိတ်ခေါ်ထားတဲ့ “နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ကမ်းလှမ်းဖိတ်ခေါ်ခြင်း” ကို ပြတ်ပြတ်သားသား ပယ်ချကြောင်းနဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်မယ်လို့ NUCC နဲ့ NUG က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

NUCC နဲ့ NUG ပူးတွဲထုတ်ပြန်ချက်မှာ SAC အစိုးရဖိတ်ခေါ်မှုက ဟန်ပြလို့စွပ်စွဲထားသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ PDF တွေကို သပ်လျှိုဖြိုခွဲပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ အမြင်ကောင်းစေဖို့ လုပ်တာလို့လည်း တုံ့ပြန်စွပ်စွဲထားပါတယ်။

ဒါ့အပြင် NUG နဲ့ NUCC က ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နဲ့အညီ အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတာနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ဖျက်သိမ်းထားလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသုံးပြုပြီး ပြုလုပ်တဲ့ မည်သည့်နိုင်ငံရေး လမ်းကြောင်းကိုမှ လက်မခံသလို သန်းခေါင်စာရင်းကောက် ယူခြင်းအပါအဝင် ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *