October 4, 2024

၁.၁၀.၂၀၂၄
Written by TZ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်ကွက်သစ်ရပ်ကွက်ထိပ်၊ ၇၄ မင်္ဂလာလမ်းဘေးရှိ ကိုလံဘိုချောင်းထဲတွင် အမျိုးသားတစ်ဦး အရက်မူးပြီး မော်တော်ဆိုင်ကယ်နှင့်အတူ ချောင်းထဲသို့ ပြုတ်ကျသေဆုံးကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရပြီး စက်တင်ဘာလ ၃၀ ရက် နံနက်ခင်းအချိန် ထိုချောင်းထဲ သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်မောင်းရင်းနဲ့ ချောင်းထဲကျတယ်လို့ ယူဆမိတယ်။ မိသားစုတွေကတော့ ဆိုင်ကယ်ကိုမရှာတော့ဘူး။ အဲ့ဒီ အမျိုးသားက အရက်မူးနေတာ။ မူကြိုကျောင်းကို သူ့ကလေးလာခေါ်တာ။ ကျောင်းက သူအရက်မူးနေလို့ မထည့်ပေးလိုက်ဘူး။ သူ့ခေါင်းမှာ ဆိုင်ကယ်ဦးထုပ်ပါတယ်။ ပိုက်ဆံအိတ်လည်း ပါတယ်”ဟု ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ရေနစ်သေဆုံးသူ အမျိုးသားမှာ အသက် (၄၂) နှစ်ရှိပြီး ၎င်းမှာ ရဲဘော်ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း၊ ရုပ်အလောင်းကို ပြည်သူ့ဆေးရုံကြီးရှိ ရေခဲတိုက်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *