October 4, 2024

၃၀.၉.၂၀၂၄
Written By Thandar

vivo ရဲ့ နောက်ဆုံးပေါ် V Series ဖြစ်တဲ့ vivo V40 မိတ်ဆက်ပွဲကို  ယနေ့ စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ Junction City Promotion Area မှာ ကျင်းပရာ အနုပညာရှင်တွေဖြစ်တဲ့ အလင်းရောင်၊ ခင်ဝင့်ဝါ၊ Alice Ong ၊ ထက်ယံ၊ ဆုလှိုင်၊ အုပ်စိုးခန့်၊ မေမီကိုကို ၊ မေဂရေ့စ်၊ ကိုခန့် (Toly Moly)၊ သံသာညီတို့ တက်ရောက်ကာ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဝင့်ဝါကို ဆိုင်တစ်ဆိုင်မှာ Propose လုပ်တဲ့အခန်းလေး ရိုက်ကူးချိန်မှာ V40 ZEISS Portrait So Pro ကင်မရာနဲ့ရိုက်ကူးချိန်မှာအရမ်းကို ညဘက်ကိုမှ မီးအလင်းထိုးစရာမလိုဘဲ ပိုမိုကောင်းမွန်တဲ့ အလင်း ရောင် တောက်တောက်ပပ Aura Light ရိုက်ကူးနိုင်ခဲ့တာလေးတွေ့ရတယ်။ ကျွန်တော့်အနေနဲ့ vivo မှာ Moonlight White အရောင်နဲ့ Stellar Silver အရောင်ရှိပေမယ့် ကျွန်တော့်က Stellar Silver က ပိုလိုက်ဖက်လို့ ဒီဖုန်းယူမယ်လို့ကြိုပြောထားပါတယ်”လို့ သရုပ်ဆောင် အလင်းရောင်က ပြောပါတယ်။

အဆိုပါ မိတ်ဆက်ပွဲမှာတော့ Vivo Brand Ambassador တွေဖြစ်တဲ့ အလင်းရောင်၊ ခင်ဝင့်ဝါ တို့က V40 5G လေးတွေကို ကိုယ်တိုင်စမ်းသပ်အသုံးပြုပြခဲ့ကြတဲ့အကြောင်းကို ပါဝင်ကြတဲ့ အနုပညာရှင်တွေ အားလုံးက Talk Show လေးလုပ်ပြီး ဝေမျှခဲ့ကြပါတယ်။ ဒီ V40 5G ZEISS Portrait ဖုန်းကတော့ ဈေးနှုန်းအနေနဲ ကျပ် 21,99,800 နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒါ့ပြင် ထက်ယံ၊ အုပ်စိုးခန့်၊ ဆုထက် တို့ကတော့ တေးသီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်မှုများစွာ ဂိမ်းတွေအတူတူဆော့ကစားရင်း လက်ဆောင်တွေပေးအပ်ခဲ့ကြသလို အမှတ်တရ ဓာတ်ပုံတွေတွဲရိုက်ခဲ့ပြီး စည်စည်ကားကား ကျင်းပခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *