October 5, 2024

၃၀.၉. ၂၀၂၄
Written by Shwe Phyo

ထိုင်းအာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို စုံစမ်းစစ်ဆေး ဖမ်းဆီးမည့် ရက်ပေါင်း ၁၂၀ စီမံချက်ကာလအတွင်းမြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံသားများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ဇွန်လ ၅ ရက်နေ့မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ မြန်မာ၊ လာအို ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားမဝင်အလုပ်လုပ်ကိုင်နေသူဦးရေ ၂၅၆၂၁၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သယထုတ်ပြန်ထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရက်ပေါင်း ၁၂၀ စီမံချက်ကာလအတွင်း ဖမ်းဆီးခံရသော ပြည်ပရွှေ့ပြောင်းအလုပ်သမားများထဲတွင်မြန်မာနိုင်ငံသားအများဆုံးဖြစ်နေပြီး ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများအနက် တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၉၃၄၃၀ ဦး ဖမ်းဆီးခံထားရကြောင်းသိရသည်။ ထို ရက်ပေါင်း ၁၂၀ စီမံချက်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၃၉၇၃၆ ဦး၊ လာအိုနိုင်ငံသား ၁၅၂၈၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၆၂ ဦးနှင့် အခြားနိုင်ငံများမှ အလုပ်သမား ၇၆၀၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ တစ်ဦးဖြစ်သည့် အိုရမ်က ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသူများကို အဓိကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်ဆီးခံရသူအများစုက တရားဝင် အထောက်အထားများမရှိကြောင်း ပြောဆိုထားသည်။ကမ္ဘောဒီးယားအစိုးရသည် ဖမ်းဆီးထိန်းသိမ်းခံထားရသော ၎င်းနိုင်ငံသားများနှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း သိရသည်။

REF khmertimeskh

Leave a Reply

Your email address will not be published. Required fields are marked *