October 5, 2024

၃၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း လူဇုန်ရေလက်ကြားကိုဖြတ်သန်းသွားခဲ့သောကြောင့် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းစေခဲ့သော တိုင်ဖွန်းခရာတွန်ကစက်တင်ဘာလ ၃၀ ရက်မွန်းလွဲပိုင်းတွင်မူ ဖိလစ်ပိုင်ပင်လယ်မှ တိုင်ဝမ်ကျွန်းဆီသို့ ဦးတည်ရွေ့လျားလျက်ရှိကြောင်း သိရသည်။

တိုင်ဖွန်းခရာတွန်က အနောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနေရာမှ အောက်တိုဘာလ ၁ ရက်တွင် အလွန်အားကောင်းသော စူပါတိုင်ဖွန်းအဆင့်သို့ရောက်ရှိလာချိန်တွင် အရှေ့မြောက်ဘက်သို့ ရုတ်တရက်ကွေ့၍ တိုင်ဝမ်ကျွန်းဆီသို့ ဦးတည်ရွေ့လျားလိမ့်မည်ဟု ခန့်မှန်းထားသည်။

စူပါတိုင်ဖွန်းက အဓိကဆိပ်ကမ်းမြို့ဖြစ်သော Kaohsiung အပါအဝင် လူဦးရေထူထပ်သော တိုင်ဝမ် ကျွန်းအနောက်ဘက်ကမ်းရိုးတန်းဒေသကိုဖြတ်၍ အောက်တိုဘာလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် ကုန်းတွင်းဝင်ရောက်မည်ဟု ခန့်မှန်းရသည်။

စက်တင်ဘာလ ၃၀ ရက် နံနက်တွင် တိုင်ဝမ်ကျွန်း၌ ရာသီဥတုသတိပေးချက်များထုတ်ပြန်ထားပြီး အား ကောင်းလှသော စူပါတိုင်ဖွန်းက ကျွန်း၏အနောက်ဘက် မြေပြန့်လွင်ပြင်ဒေသများကို တိုက်ရိုက်တိုက်ခတ်လိမ့်မည်ဟု ဟူဆထားကြသည်။ စူပါတိုင်ဖွန်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများလည်းတိုက်ခတ်လိမ့်မည်ဟု ခန့်မှန်းထားရာ နှစ်ဆယ့်လေးနာရီအတွင်း မိုးရေချိန် မီလီမီတာ ၂၀၀( ၇ ဒသမ ၈၇ လက်မ) ကျော်ရွာသွန်းလိမ့်မည်ဟု ခန့်မှန်းထားရသည်။

ရေကြီးမှုများနှင့် မြေပြိုမှုများဖြစ်လာနိုင်သည့် ကျွန်း၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ ကယ်ဆယ်ရေးအတွက် စစ်သားများကို‌ ရာဘာလှေများနှင့်အတူ ပို့ထားကြောင်းလည်း သိရသည်။

Ref-inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *